PSG နှင့် နေမာ၏ အပြောင်းအရွှေ့ တနင်္လာ (သို့မဟုတ်) အင်္ဂါတွင် အပြီးသတ်မည်ဟု RMC Sport သတင်းဌာနဖော်ပြ

PSG နှင့် နေမာ၏ အပြောင်းအရွှေ့ တနင်္လာ (သို့မဟုတ်) အင်္ဂါတွင် အပြီးသတ်မည်ဟု RMC Sport သတင်းဌာနဖော်ပြ
Published 31 July 2017

ဘာစီလိုနာအသင်း တိုက်စစ်မှူးနေမာသည် လာမည့်တနင်္လာ (သို့မဟုတ်) အင်္ဂါနေ့ တွင် PSG အသင်းသို့ အပြီးသတ်ပြောင်းရွှေ့မည်ဖြစ်ကြောင်း ပြင်သစ်အခြေစိုက် RMC Sport သတင်းဌာနက ဇူလိုင် ၂၈ ရက်တွင်ဖော်ပြခဲ့သည်။

PSG အသင်းသည် နေမာ (၂၅ နှစ်) အား ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ၎င်း၏စာချုပ်လျော်ကြေး ယူရို ၂၂၂ သန်း (ပေါင် ၁၉၆ သန်း) ပေးချေရဖွယ်ရှိပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးအချက်များ သဘောတူညီမှုရရှိထားကာ ပြောင်းရွှေ့ကြေးအတွက် ဘာစီလိုနာအသင်းနှင့် အပြီးသတ်ဆွေးနွေးရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။

RMC Sport ၏ဖော်ပြချက်အရ တနင်္လာ (သို့မဟုတ်) အင်္ဂါနေ့တွင် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖွယ်ရှိပြီး နေမာ၏ဖခင်ဖြစ်သူသည် တစ်နှစ်လစာ ယူရိုသန်း ၃၀ ဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုရန် PSG အသင်းနှင့် ဆွေးနွေးထားကြောင်း သိရသည်။

ထို့ပြင် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက “ကစားသမားတွေအနေနဲ့ အသင်းကထွက်ချင်တယ်ဆိုရင် ကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူ့ကိုဆက်ရှိစေချင်သလို သူရှိနေဖို့လိုအပ်ပါတယ်” ဟု မရေမရာ ပြောကြားခဲ့သည်။

နေမာသည် ဇူလိုင် ၃၁ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ သွားရောက်မည့်ခရီးစဉ် ပျက်ပြယ်သွားပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းကပြန်လည်ငြင်းဆန်ထားသည်။

Most Read

Most Recent