ကမ္ဘာ့ဖလားခြေစစ်ပွဲ(ကွန်ကာကပ်ဖ်ဇုန်) ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားခြေစစ်ပွဲ(ကွန်ကာကပ်ဖ်ဇုန်) ပွဲကြိုသုံးသပ်ချက်
Published 10 October 2017

Photo:Wikipedia

ဟွန်ဒူးရပ်စ် နှင့် မက္ကဆီကို (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၆း၃၀ နာရီ)

ဟွန်ဒူးရပ်စ်အသင်း မျှော်လင့်ချက်ရှိသေးပေမယ့် သိပ်မ ဟန်ပါဘူး။ ဂိုးပြတ်အနိုင်ရဖို့လိုတဲ့အခြေအနေကို ဟွန်ဒူးရပ်စ် ဘယ်လိုကျော်ဖြတ်မလဲ စောင့်ကြည့်ရမယ်။ မက္ကဆီကိုကတော့ ဟွန်ဒူးရပ်စ်ကို ဂိုးပြတ်အရှုံးခံပြီး တွဲခေါ် ဖို့ဆိုတာက ဖြစ်နိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ အမှတ်တော့ပေးလိမ့်မယ်။ ဟွန်ဒူးရပ်စ် သေ ချာပေါက်အမှတ်ရလိမ့်မယ်။

ထရီနီဒတ် နှင့် အမေရိကန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၆း၃၀ နာရီ)

ထရီနီဒတ် အမှတ်မလိုတော့သလို၊ အမေရိကန်ကလည်း ဂိုးသာနေလို့ သရေတစ်မှတ်လောက်ရရင်ပဲ လုံလောက်နိုင်တဲ့ အနေအထားရှိတယ်။ ပိုသေချာအောင်လုပ်ရမယ့် အမေရိကန် ကိုပဲ ရွေးချယ်ချင်တယ်။

ပနားမား နှင့် ကော်စတာရီကာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၆း၃၀ နာရီ)

အဝေးကွင်းလည်းဖြစ်တဲ့အပြင် ကော်စတာရီကာလိုအ သင်းက အမှတ်မလိုတော့တဲ့အချိန်မှာ ဖိဖိစီးစီးကစားလေ့မရှိ တာ ထည့်တွက်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပနားမားအသင်းပဲ အနိုင်ရဖို့များတယ်။

Most Read

Most Recent