ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန် Play-off ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန် Play-off ပထမအကျော့) ပွဲကြိုသုံးသပ်ချက်
Published 10 October 2017

Photo:Wikipedia

သြစတြေးလျ နှင့် ဆီးရီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ညနေ ၃း၃၀ နာရီ)

ပထမအကျော့ မလေးရှားမြေမှာကစားခဲ့တဲ့ပွဲမှာတော့ ဆီးရီးယားအသင်း သြစတြေးလျကို ခြေရည်တူနီးပါး ယှဉ်ကစား နိုင်ခဲ့တယ်။ အနိုင်ရနိုင်လောက်တဲ့အခွင့်အရေးတချို့လည်း ရရှိခဲ့တာပါ။ ကစားသမားတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အသင်း လိုက်ယုံကြည်မှုက အမြင့်ဆုံးအနေအထားမှာ ရောက်နေတာတွေ့ရတယ်။ ဒီလိုပုံစံမျိုးက တားဆီးရခက်တယ်။ အခုလည်း သြစတြေးလျကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ဆီးရီးယားရဲ့ကစားပုံက ကြောက်ရွံ့မှုမရှိနိုင်ဘူး။ သြစတြေးလျမှာ ပရိသတ်အားရှိ ပေမယ့် ဒီအရာကပဲ အသင်းကို ပြန်ဖိအားဝင်စေနိုင်တယ်။ လက်ကီး၊ ကရူဆေးတို့တိုက်စစ်ကလည်း သိပ်စိတ်မချရဘူး။ သြစ တြေးလျ နိုင်ရင်တောင် ဂိုးပြတ်ဖို့ခက်တယ်။

Most Read

Most Recent