ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) ပွဲကြိုသုံးသပ်ချက်
Published 10 October 2017

 

Photo:Wikipedia

နယ်သာလန် နှင့် ဆွီဒင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၁း၁၅ နာရီ)

နယ်သာလန်က ခြေစစ်ပွဲအဆင့်ကနေ လှည့်ပြန်ရဖို့ များသွားပါပြီ။ ပြိုင်ပွဲဝင်အသင်းအရေအတွက်တွေက များလာတဲ့ အချိန်မှာ ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းအနေနဲ့ အခုလို ကြုံတွေ့ရတာ တော်တော်ရှက်စရာကောင်းပါတယ်။ နယ်သာ လန်ကြုံတွေ့နေတာက သေရေးရှင်ရေးဆိုတဲ့အခြေအနေထက်ဆိုးတယ်။ မဖြစ်မနေအနိုင်ကစားရမယ်ဆိုတဲ့အဆင့်ထက်ကို အများကြီး ပိုဆိုးပြီး (၇)ဂိုးပြတ်သွင်းနိုင်မှ Play-offs အဆင့်ကို မျှော်လင့်နိုင်မယ်ဆိုတဲ့အခြေအနေကို ရောက်သွားတယ်။ ပြီးခဲ့ တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယရခဲ့တဲ့အသင်းဟာ အဲ့ဒီအချိန်က နောက်ဆုံးမျိုးဆက်တွေကို အခုချိန်အထိ အားကိုး နေရသလို၊ သူတို့နေရာကို အစားထိုးနိုင်မယ့် အဆင့်မီကစားသမားတွေ ထွက်ပေါ်မလာတာက နယ်သာလန်ရဲ့အဓိကပြဿနာ ဖြစ်သွားတယ်။ ရော်ဘင်၊ ဆနိုက်ဒါ၊ ဗန်ပါစီတို့လို ကစားသမားတွေကို အားကိုးနေရဆဲဖြစ်သလို၊ ဘာဘယ်လ်လို ကစားသမားကို တောင် အခုချိန်အထိ ခေါ်သုံးနေရတာကလည်း နယ်သာလန်အသင်းရဲ့ မျိုးဆက်သစ်ရှားပါးမှုကို ပြတယ်။ ဒါပေမဲ့ လက်ရှိလူ စာရင်းကတောင် ဆွီဒင်လိုအသင်းကောင်းတစ်သင်းထက် တောင့်တင်းနေသေးပေမယ့် ရလဒ်ဆိုးတွေကြုံတွေ့ခဲ့တာကိုလည်း စဉ်းစားရမယ်။ ဆွီဒင်ကတော့ ဒီပွဲမှာ သက်သောင့်သက်သာပဲ ကစားမှာပါ။ ဘယ်လိုနည်းနဲ့မှ (၇)ဂိုးပြတ်ရှုံးဖို့လည်း မဖြစ်နိုင် ဘူး။ နယ်သာလန် နိုင်သွားပါလိမ့်မယ်။ ဒါပေမဲ့ ခက်ခဲလိမ့်မယ်။ (၂-၁)လောက်ပဲဖြစ်မယ်။

ပေါ်တူဂီ နှင့် ဆွီဒင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၁း၁၅ နာရီ)

ဒီပွဲက အုပ်စုဗိုလ်နေရာအတွက် အဆုံးအဖြတ်ပွဲစဉ်ပါ။ ဆွစ်ဇာလန်က (၃)မှတ်အသာရထားတဲ့အတွက် ပေါ်တူဂီကွင်း မှာ သရေကစားရုံနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်ပါပြီ။ ပေါ်တူဂီက တော့ ဂိုးကွာခြားချက်သာပြီးသားဖြစ်တာကြောင့် နိုင်ရင်အုပ်စု ဗိုလ်ဖြစ်မယ်။ ဒီပွဲမှာ ပေါ်တူဂီအနိုင်ကစားပါလိမ့်မယ်။

ပြင်သစ် နှင့် ဘီလာရုစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၁း၁၅ နာရီ)

ပြင်သစ်က ဒီပွဲကို သရေကျလို့မဖြစ်ဘူး။ ဆွီဒင်က နယ် သာလန်ကို အနိုင်ကစားပြီး၊ ပြင်သစ် သရေကျရင် ပြင်သစ်အ သင်း အုပ်စုဒုတိယဖြစ်ပြီး Play-off ပွဲစဉ်တွေကို ကစားရ လိမ့်မယ်။ ဒါပေမဲ့ ဘီလာရုစ်လိုအသင်းမျိုးကို ပြင်သစ်က သရေ ကစားစရာမရှိပါဘူး။ ပထမအကျော့တုန်းက ဘီလာရုစ်ကွင်းမှာ မထင်မှတ်ဘဲ သရေကျခဲ့ပေမယ့် ဒီပွဲတော့ ပြင်သစ်အသင်း သေ ချာပေါက်အနိုင်ကစားလိမ့်မယ်။ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သ လို အိမ်ကွင်းလည်းဖြစ်နေလို့ အဓိက ကစားသမားအစုံအလင် နဲ့ ပြင်သစ် ဂိုးမိုးရွာမယ်ထင်တယ်။

လူဇင်ဘတ် နှင့် ဘူလ်ဂေးရီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၁း၁၅ နာရီ)

လူဇင်ဘတ်က ဘီလာရုစ်ကို အနိုင်ကစား၊ ပြင်သစ်ကို သရေခံကစားခဲ့ပြီးတော့ ဆွီဒင်နဲ့ ပွဲမှာတော့ (၈)ဂိုးပြတ်အရှုံးပေး လိုက်ရတယ်။ နယ်သာလန်နဲ့ ဆွီဒင်တို့အတွက် ဂိုးကွာခြားချက် က အရမ်းအရေးကြီးနေတဲ့အချိန်မှာ လူဇင်ဘတ်ရဲ့ရှုံးပွဲက တော် တော်လေး စိတ်ပျက်စရာလည်း ကောင်းတယ်။ ခြေစွမ်းအမှန် လို့တောင်ပြောရခက်တယ်။ ဘူလ်ဂေးရီးယားကလည်း မျှော် လင့်ချက်မရှိတော့တဲ့အသင်းပါ။ လူဇင်ဘတ် သရေခံကစားနိုင် မယ်ထင်တယ်။

အက်စ်တိုးနီးယား နှင့် ဘော့စနီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၁း၁၅ နာရီ)

ဘော့စနီးယားနဲ့ ဂရိက ဒီအုပ်စုမှာ အပြိုင်ဖြစ်နေတယ်။ ဒါပေမဲ့ ဂရိက ဂျီဘရော်လ်တာနဲ့ ကစားရမှာဖြစ်လို့ ဘော့စနီး ယားအတွက် မျှော်လင့်ချက်မဲ့သလောက်ဖြစ်သွားပါပြီ။ ဂရိက သရေကျခဲ့ပြီး ဘော့စနီးယားနိုင်ရင် အုပ်စုဒုတိယရမှာဖြစ်ပေ မယ့် ဂရိက သရေကျစရာမရှိတဲ့ပွဲကို ကစားရမှာပါ။ ဒါပေမဲ့ ဘော့စနီးယားအနေနဲ့ ကိုယ့်အလုပ်တော့ကိုယ်လုပ်ထားရမှာ ဖြစ်ပြီး အနိုင်ကစားပါလိမ့်မယ်။

ဘယ်လ်ဂျီယံ နှင့် ဆိုက်ပရပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၁း၁၅ နာရီ)

ဘယ်လ်ဂျီယံအသင်းက အမှတ်မလိုတဲ့အသင်းဖြစ်ပေ မယ့် ဘော့စနီးယားနဲ့ ပွဲမှာ ကစားသွားပုံကို ကြည့်ရင် ရောဘတ် တိုမာတီနက်ဇ်ပြောထားတဲ့အတိုင်းပဲ လက်ကျန်ပွဲအားလုံးကို အနိုင်ကစားထားဖို့ ရည်ရွယ်ထားတယ်ဆိုတာ သိသာပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ဆက်တိုက်နိုင်ပွဲရနေသလို၊ အ သင်းရဲ့ လူအင်အားနဲ့ ခြေစွမ်းကလည်း ဆိုက်ပရက်စ်ထက်အ ပြတ်အသတ်အသာရနေပါတယ်။ လျှော့ကစားမှာမဟုတ်ဘူး လို့ ယုံကြည်ရတဲ့အတွက် ဘယ်လ်ဂျီယံအနိုင်သေချာသလို ဂိုးမိုးရွာဖို့လည်း သေချာသလောက်ရှိပါတယ်။

ဂရိ နှင့် ဂျီဘရော်လ်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၁း၁၅ နာရီ)

အုပ်စုတတိယနေရာက ဘော့စနီးယားကို နှစ်မှတ်အသာ ရထားပေမယ့် ဂိုးကွာခြားချက်ကြောင့် ဂရိအနေနဲ့ သရေကစား လို့တော့ မရဘူး။ ဒါပေမဲ့ ဂျီဘရော်လ်တာလိုအသင်းက ဂရိအ နေနဲ့ သရေကျစရာအသင်းလည်း မဟုတ်ဘူး။ ကစားသမျှပွဲတိုင်း ကို ဂိုးပြတ် ရှုံးနေတဲ့အသင်းတစ်သင်းကို အိမ်ကွင်းမှာကစားရ မယ့် ဂရိအသင်းအနေနဲ့ ဒီပွဲမှာ ဂိုးဘယ်လောက်သွင်းမလဲဆို တာကိုပဲ စောင့်ကြည့်ရမယ်။ အိမ်ကွင်းမှာ ဂိုးမိုးရွာပြီး အုပ်စုဒု တိယနေရာရမယ့်အနေအထားကို ဂရိက အပြည့်အ၀ အသုံးချ သွားပါလိမ့်မယ်။

ဟန်ဂေရီ နှင့် ဖာရိုးကျွန်းစုများ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၁း၁၅ နာရီ)

အရေးမပါတော့တဲ့ ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ပြီး ဟန်ဂေ ရီအသင်းအနေနဲ့ ဂုဏ်သိက္ခာအရပဲ ကစားရမှာပါ။ ပထမအ ကျော့တုန်းက ဖာရိုးကျွန်းစုများရဲ့ ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပေ မယ့် ဒီပွဲမှာတော့ ဟန်ဂေရီ မဖြစ်မနေအနိုင်ကစားပါလိမ့်မယ်။ ဂိုးတော့ အများကြီးပြတ်မှာမဟုတ်ဘူး။

လတ်ဗီးယား နှင့် အန်ဒိုရာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၁း၁၅ နာရီ)

နှစ်သင်းစလုံးက ခြေစွမ်းမကွာတဲ့အသင်းတွေပါ။ လတ် ဗီးယားက နည်းနည်းလေးပိုသာတယ်။ အိမ်ကွင်းလည်းဖြစ်နေ တယ်။ လတ်ဗီးယားပဲ နိုင်လိမ့်မယ်။

Most Read

Most Recent