အိပ်မက်၊ မျှော်လင့်ချက်၊ စစ်ပွဲနဲ့ ဆီးရီးယားရဲ့ ရွှေရည်စိမ်ပျော်ရွှင်ခြင်းလား

အိပ်မက်၊ မျှော်လင့်ချက်၊ စစ်ပွဲနဲ့ ဆီးရီးယားရဲ့ ရွှေရည်စိမ်ပျော်ရွှင်ခြင်းလား
Published 7 October 2017

အားကစားခန်းမရဲ့နံရံဟာ အနီးအနားက ဗုံးပေါက်ကွဲသံကြောင့် တုန်ခါသွားပါတယ်။ ကျယ်လောင်ပြင်းရှတဲ့ ဗုံးပေါက်သံကြားမှာပဲ ကလေးငယ် (၂၀၀)ပါဝင်တဲ့ တိုက်ကွမ်ဒိုပြိုင်ပွဲတစ်ခု ကျင်းပနေရတယ်။

ဒါဟာ (၆)နှစ်ကြာပြည်တွင်းစစ်ဒဏ်ကို ငရဲလိုခံစားနေရတဲ့ ဆီးရီးယားရဲ့ အားကစားပန်းချီကားတစ်ချပ်ပါပဲ။ ရွှေတံဆိပ်ဆွတ်ခူးနိုင်ရေးအတွက် ကလေးငယ်တွေ ကြိုးစားနေသလို၊ အခြားတစ်ဖက်မှာလည်း စစ်ဒဏ်ကြောင့် အသက်မဆုံးရှုံးရအောင် သူတို့ဘဝတွေကို ကာကွယ်နေ ရပါတယ်။

'' အားကစားခန်းမထဲမှာ ဗုံးအန္တရာယ် ဒဏ်ကာကွယ်တဲ့နေရာများစွာရှိပါတယ်။ အား ကစားခန်းမတွေဆီကို ဗုံးတွေရောက်လာပြီးရင် အကြမ်းဖက်သမားတွေရဲ့ နောက်ထပ်ပစ်မှတ်က ကျွန်တော်တို့အိမ်တွေဆီကိုပါပဲ'' လို့ ဆီးရီးယား အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျိုးမားက ပြောပါတယ်။ ဆီးရီးယားရဲ့ နေ့စဉ်ဘဝတွေဟာ ပျော်ရွှင်စရာမရှိ ပါဘူး။ အပျင်းပြေစကားစမည်ပြောစရာအကြောင်း အရာလည်း ရှားပါးတယ်။ ဒါပေမဲ့ ဆီးရီးယား ပြည်သူတွေမှာ ပြောစရာရှိလာပါပြီ။ သူတို့ရဲ့ စစ် ဒဏ်ကြားက လူးလွန့်တိုးထွက်လာတဲ့ ဆီးရီးုယား ဘောလုံးအသင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မလားဆိုတာပါပဲ။ ကြာသပတေးနေ့မှာ သြ စတြေးလျနဲ့ Play-off ပထမအကျော့ကစားရ မယ်လို့ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဆီးရီးယားအသင်း အိပ်မက်မက်ခဲ့ဖူးမယ် မထင်ပါဘူး။ဘောလုံးရဲ့ ပါဝါနဲ့အတူ သူတို့တစ်ဦးချင်းစီတိုင်းမှာ မျှော်လင့် ချက် ကိုယ်စီမွေးဖွားနိုင်ခဲ့ပြီလား။

Dream

ဆီးရီးယားနဲ့ မိုင်ပေါင်း (၄၅၀၀)ကျော်ဝေး တဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တောင်ပိုင်း က ကြယ်ငါးပွင့်အဆင့်ဟိုတယ်မှာ ဆီးရီးယား ဘောလုံးသမားတွေ Check-in လုပ်နေပါတယ်။ သူတို့ထဲက တချို့ဟာ ရီးယဲလ်နည်းပြ ဇီဒန်းနဲ့ စီ ရော်နယ်လ်ဒိုတို့အကြောင်း အားရပါးရပြောနေ ကြတယ်။ တချို့က မိုဘိုင်းဖုန်းကိုယ်စီသုံးရင်း ငြိမ် သက်နေပါတယ်။ မလေးရှားကို ဆီးရီးယားအသင်း ရောက်နေရတဲ့အကြောင်းရင်းက ၂၀၁၈ ကမ္ဘာ့ဖ လားခြေစစ်ပွဲကစားဖို့ပါပဲ။ စစ်ဒဏ်ကြားက ကြေမွ နေတဲ့ ဆီးရီးယားမြို့တော် ဒမက်စကတ်ဟာ လုံ ခြုံရေးအရ အိမ်ကွင်းလက်ခံကစားခွင့်မရပါဘူး။ ဒီတော့ ဆီးရီးယားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်တွေကို မလေးရှားမှာ ကစားခဲ့ရပါ တယ်။ လွန်ခဲ့တဲ့နှစ် အောက်တိုဘာ (၆)ရက်ကို ဆီးရီးယားကစားသမားတွေ အမှတ်ရနေပါဦးမယ်။ အဲဒီတုန်းက သူတို့အသင်းဟာ လူဦးရေ (၁ .၄)ဘီလီယံရှိပြီး ဘောလုံးအောင်မြင်မှုအသည်းအသန် လိုချင်လို့ ဒေါ်လာသန်းပေါင်းများစွာအကုန်အကျ ခံ လုံးပန်းနေတဲ့ တရုတ်အသင်းကို အဝေးကွင်း ဘေဂျင်းမှာ (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တာပါပဲ။ တရုတ် ကိုအနိုင်ရခဲ့လို့ ဆီးရီးယားကစားသမားတွေ တစ် ဦးကို အမေရိကန်ဒေါ်လာ (၁၀၀၀)စီ ဆုကြေးရခဲ့ ပါတယ်။ ဒီဆုကြေးပမာဏဟာ ဆီးရီးယားဘော လုံးသမားတစ်ဦးရဲ့တစ်နှစ်ပျမ်းမျှဝင်ငွေနီးပါးရှိခဲ့ လို့ လက်ရွေးစင်အသင်းမှာ ပါဝင်ခြေစွမ်းပြခွင့်ရ ရေးဟာ ဆီးရီးယားဘောလုံးသမားတစ်ဦးအတွက် မက်လောက်စရာအိပ်မက်ပါပဲ။ စစ်ငွေ့မပြယ်သေး တဲ့နိုင်ငံတစ်ခု၊ လူဦးရေ (၂၃)သန်းထဲမှာ လူဦးရေ (၅)သန်းနီးပါး ဒုက္ခသည်ဘဝရောက်နေတဲ့ နိုင်ငံ တစ်ခုရဲ့ဘောလုံးအရွေ့ကို ဘယ်သူဦးဆောင်ခဲ့လဲ။

Toughest Job

တကယ်ဆို ဆီးရီးယားမှာ ဘောလုံးသမား ဖြစ်ရတာမလွယ်ကူပါဘူး။ အာဆတ်အစိုးရလက် အောက်ခံတွေဟာ အရင်တုန်းက ဘောလုံးသမား တချို့ကို ဖမ်းဆီး၊ ထောင်ချတာမျိုးတွေ ရှိခဲ့ပါတယ်။ အလက်ပိုအခြေစိုက်အားကစားကလောင်ရှင် အာ နက်စ်အမ်မိုက အာဆတ်အစိုးရဟာ ဘောလုံးသ မားတွေကို လူမသိသူမသိအပြတ်ရှင်းခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ဆီးရီးယားဘောလုံးသမား အ နည်းဆုံး (၃၈)ဦးဟာ အကြောင်းအမျိုးမျိုးနဲ့အ သတ်ခံခဲ့ရပြီး ကစားသမား(၃၀)ဦးလောက်ဟာ ပျောက်ဆုံးခဲ့ဖူးပါတယ်။ ဒီအကြောင်းကို ဆီးရီး ယားကစားသမားဟောင်း ဂျက်ဘာအယ်ကာဒီက အခုလိုပြောခဲ့ပါတယ်။ သူဟာ ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားပြီး (၂)နှစ်အကြာ ၂၀၁၃ ခုနှစ်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပါပဲ။

''ကျွန်တော့်ခြေ ထောက်တွေကို ရာဘာပိုက်လုံးနဲ့ ထပ်တလဲလဲ ရိုက်ပါတယ်။ ဦးခေါင်းကို ဝိုင်ယာကြိုးနဲ့ ရှော့ခ်ရိုက် ပါတယ်''လို့ ဂျက်ဘာအယ်ကာဒီက နာကျင်စရာအ တိတ်ကိုပြန်ပြောပြတယ်။ လက်ရှိအချိန်မှာ ဂျက်ဘာအယ်ကာဒီဟာ ဂျာမနီနိုင်ငံမှာ ခိုလှုံနေပေမယ့် နာကျင်စရာအတိတ်ဟာ ညအိပ်မက်ဆိုးတွေအ ဖြစ် သူ့ဆီရောက်လာနေတုန်းပါပဲ။ ဆီးရီးယားနိုင်ငံအနောက်ပိုင်း ဟွမ်းစ်မြို့က လက်ရွေးစင်အသင်း ခေါင်းဆောင်ဟောင်း ကွာဆက်ဘ်ဆိုရင် ၂၀၁၄ ခုနှစ်ကတည်းက ပျောက်သွားတာ အခုအချိန်အထိ သတင်းအစအနမကြားရပါဘူး။ ၂၀၁၆ ခုနှစ်၊ စက် တင်ဘာမှာ ကွာဆက်ဘ်သေပြီဆိုတဲ့အတည်မပြု နိုင်တဲ့သတင်းတွေ ထွက်ပေါ်ခဲ့သလို၊ သူ့သူငယ် ချင်းတချို့ကတော့ ကွာဆက်ဘ် အသက်ရှင်နေ သေးတယ်လို့ ဆိုခဲ့ပါတယ်။ ဆီးရီးယားလူ့အခွင့် အရေးကွန်ရက်ရဲ့ မှတ်တမ်းတွေအရ ၂၀၁၁ခုနှစ်၊ မတ်လကနေ ၂၀၁၇ ခုနှစ် မတ်လအတွင်း အားကစားသမား (၂၆၄)ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါ တယ်။ ဒီထဲမှာ ထိပ်တန်းဘောလုံးသမား (၃၈)ဦး ပါဝင်နေပါတယ်။ ဘောလုံးသမားတွေဟာ ဆီးရီး ယားအစိုးရ(ဒါမှမဟုတ်) အီရန်ပြည်သူတပ်တွေ ရဲ့လက်ချက်နဲ့ အပြစ်မဲ့သေဆုံးခဲ့ရတာပါပဲ။ အစ္စ လာမ်မစ်စစ်သွေးကြွတွေ၊ ရုရှားအကူစစ်တပ်တွေ၊ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် အားကစားသမားသေဆုံးမှုနှုန်း မြင့်တက်နေတယ် လို့ ဆိုနိုင်ပေမယ့် အများစုဟာ ဆီးရီးယားအစိုးရ ရဲ့ အာဏာရှင်ဆန်ဆန် အကြောင်းမဲ့ဖမ်းဆီးခြင်း ကြောင့်ပါပဲ။ ဘောလုံးသမားအများစုဟာ အာ ဆတ်အစိုးရကို ပုန်ကန်အကြမ်းဖက်ဖို့ ကြိုးပမ်း တယ်ဆိုတဲ့စွဲချက်တွေနဲ့ ထိန်းသိမ်းခံခဲ့ရတယ်။ ကွာဆက်ဘ်ဆိုရင် ကားဗုံးထောင်ဖို့ ကြိုးပမ်းခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ မတရားထိန်းသိမ်းခံခဲ့ရတာပါပဲ။ အာဆတ်အစိုးရဟာ အမေရိကန်အပါအဝင် အ နောက်နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စစ်ရေးအရဖိအား ပေးရှုတ်ချခံနေရတာတွေကို ဖုံးအုပ်ချင်လာချိန် မှာ ဘောလုံးကို နိုင်ငံမျက်နှာဖုံးအဖြစ် ပြောင်းလဲ ခဲ့ပါတယ်။ အာဆတ်ဟာ ဆီးရီးယားဘောလုံးအ သိုင်းအဝိုင်းကို မြေတောင်မြှောက်ပေးပြီး စစ် ကြောင့် ကွယ်ပျောက်နေတဲ့ သူတို့ရဲ့ အငုံ့စိတ်ကို ဘောလုံးမှာ သွန်ချနိုင်အောင် မြူဆွယ်ခဲ့တယ်လို့ ဆိုရမလားပဲ။

ဆီးရီးယားအသင်းမှာ မကစားချင်ဘူး လို့ နှစ်များစွာအကြိမ်ကြိမ်ငြင်းဆန်ခဲ့သူ ကာတစ်ဘ် ဟာ ဆီးရီးယားရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားရွှေအိုရောင် ခရီးစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် အမှုတော် ထမ်းနေပါပြီ။ ကာတစ်ဘ်ဟာ အာဆတ်အစိုးရကို ခါးသီးလွန်းခဲ့ပြီး အားကစားသမားတွေ အပြစ်မဲ့ဖမ်း ဆီးထိန်းသိမ်းခံရ၊ သတ်ဖြတ်ခံခဲ့ရတာတွေကြောင့် လက်ရွေးစင်အသင်းမှာ ကစားဖို့ငြင်းဆန်ခဲ့သူပါပဲ။ ဒါပေမဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ESPN ကို သူပြောခဲ့တာက '' အခုဆိုရင် ဆီးရီးယားမှာ လူ သတ်သမားတွေ ပေါများနေပါပြီ။ တစ်ယောက်၊ နှစ်ယောက်မကတော့ပါဘူး။ သူတို့အားလုံးကို ကျွန်တော်မုန်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ ဆီး ရီးယားပြည်သူ (၁၂)သန်းက ကျွန်တော့်ကို ချစ်ပါ လိမ့်မယ်။ ကျန်တဲ့ (၁၂)သန်းက ကျွန်တော့်ကို မုန်းနေပါလိမ့်မယ်'' ဆိုတာပါပဲ။

အာဆတ်ဟာ သူ့ ရဲ့ ပုံရိပ်ဆိုးကို ဘောလုံးနဲ့အတူ သန့်စင်ဖို့ကြိုးစား နေပါတယ်။ တစ်ချိန်တုန်းက သူ့ကိုမုန်းတီးခဲ့တဲ့ ဘောလုံးအသိုင်းအဝိုင်းကလူတွေဟာ သူ့ဘက် တော်သားတွေ ဖြစ်လာအောင် သိမ်းသွင်းနိုင်ခဲ့ပါ တယ်။ ၂၀၁၅ ခုနှစ်တုန်းက ဆီးရီးယားအသင်းသား တွေဟာ 'ရယ်ပြုံးနေသော သမ္မတအာဆတ်ရုပ်ပုံ ပါတီရှပ်' ကို ဝတ်ဆင်ပြီး သတင်းစာရှင်းလင်းပွဲ တက်ခဲ့ပါတယ်။ ဆီးရီးယားအသင်းရဲ့ ပွဲစဉ်တွေမှာ လည်း အာဆတ်ရုပ်ပုံတွေ ကိုင်ဆောင်ပြီးအားပေး တာမျိုး တွေ့ခဲ့ရပါတယ်။

'' လက်ရွေးစင်ပွဲကစားတဲ့ အချိန်မျိုးမှာ နိုင်ငံတော်သီချင်းဆိုရတာ အရမ်း သဘောကျမိပါတယ်။ ဘောလုံးဟာနိုင်ငံရေးအတွက်အရမ်းအရေးပါတယ်။ ဆီးရီးယားရဲ့ ပုံရိပ် အစစ်အမှန်ကို ဒီမှာရှာတွေ့နိုင်တယ်။ စစ်ဒဏ်ကို အလူးအလဲခံနေရပေမယ့် ဆီးရီးယား ရှိနေသေး တယ်ဆိုတာကို ဘောလုံးနဲ့အတူ ပြသနိုင်တယ်။ ဘောလုံးကိုအသုံးပြုပြီး ဆီးရီးယားပြည်သူတွေကို ကျွန်တော်တို့အကောင်းဆုံးကူညီနေတာပါပဲလို့ ဆီးရီးယားလက်ရွေးစင် ကူတိုင်ဘာက ပြောခဲ့ပါ တယ်။ ငွေကြေးနဲ့ နိုင်ငံရေးအကျိုးအမြတ်ထက် ပိုတယ်လို့ ကူတိုင်ဘာ ယူဆနေတယ်။ စစ်ပွဲမတိုင် မီ ဆီးရီးယားပြည်သူတွေ စုစည်းညီညာခဲ့သလိုမျိုး ပြန်ဖြစ်အောင် ဘောလုံးဟာ ချစ်ခြင်းကို ဆောင်ယူလာမယ့် ကြားခံကိရိယာ တစ်ခုလို့ ကူတိုင်ဘာ ယုံကြည်နေပုံ ပါပဲ။

ဆီးရီးယား အသင်းခေါင်းဆောင် ကာတစ်ဘ် (Photo: AFP)

Hope

ဆီးရီးယားဘောလုံးအသင်းဟာ (၆)နှစ် ကျော်ကြာ ပြည်တွင်းစစ်ကာလအတွင်း ဆီးရီးယား ပြည်သူတွေကြား သွေးစည်းစေမယ့်အရာလို့ တကယ်ဆိုနိုင်ပြီလား။ ဆီးရီးယားလက်ထောက် နည်းပြ ဂျက်ဘန်းဟာ တစ်လကို အမေရိကန်ဒေါ် လာ(၁၀၀)လောက်ပဲရပေမယ့် သူ့အသင်းအပေါ် ချစ်မြတ်နိုးစိတ် တစ်စက်မှလျော့မနေပါဘူး။ သူ ဟာ ဆီးရီးယားအသင်းအတွက် ပွဲ(၁၀၀)ကျော် ကစားခဲ့ဖူးပြီး ၁၉၉၄ AFC လူငယ်ချန်ပီယံရှစ်မှာ ဂျပန်ကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့တဲ့ ဆီးရီးယားကစား သမားဟောင်းတစ်ဦးပါပဲ။ အဲဒီတုန်းက ဒမက်စ ကတ်မြို့လေဆိပ်မှာ ဆီးရီးယားပြည်သူတွေ သူ့ကို ပခုံးပေါ်ထမ်းတင်ပြီး ဂုဏ်ပြုခဲ့တာကို သူ မမေ့သေး ဘူး။ သူ့ရဲ့လက်ရှိဆီးရီးယားအသင်းကို လျှပ်စစ် မီးမရတဲ့ညဘက်တွေမှာ ဘတ္ထရီသုံးပြီး ခပ်သေး သေးတီဗွီကနေ သူ့ဇနီးနဲ့သမီး(၄)ယောက်က အား ပေးနေပါလိမ့်မယ်။ ဂျက်ဘန်းပြန်လာမယ့်နေ့ဆို သူ့သမီးတွေက ချောကလက်ကိတ်မုန့်လုပ်ရင်း မျှော်နေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီမျှော်လင့်ချက်တွေ ရဲ့ ဆန့်ကျက်ဘက်မှာ နိုင်ငံအသီးသီးကို လွင့်စင် ထွက်သွားတဲ့ ဆီးရီးယားပြည်သူတွေရဲ့ ကျိုးပဲ့မျှော် လင့်ချက်ရှိနေပါတယ်။ အားကစားကလောင်ရှင် အာနက်စ်အမ်မိုက ဆီးရီးယားကစားသမားတချို့ ဟာ အကြောက်တရားတွေကြီးစိုးခံထားရပြီး ဘော လုံးကောင်းကောင်းမကစားရင် ဆီးရီးယားမှာကျန် ခဲ့မယ့် မိသားစု၊ ဆွေမျိုးတွေ ရန်ရှာခံရမှာကို စိုးရိမ် နေပုံပဲလို့ သုံးသပ်တယ်။ ကစားသမားတွေရဲ့ ပတ်စ်ပို့တ်ကို အစိုးရက ထိန်းသိမ်းတာမျိုးလည်း ရှိပါ တယ်။ အောင်မြင်တဲ့ဘောလုံးသမားတစ်ဦးဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် စစ်ပွဲကြောင့် ဆီးရီးယားရဲ့အ ဝေးကိုလွင့်စင်ထွက်သွားသူတွေ၊ ဆီးရီးယားအသင်း ကို နှလုံးသားနဲ့ရင်းပြီး မြတ်နိုးခဲ့သူတွေဟာ လက်ရှိ ဆီးရီးယားရဲ့အောင်မြင်မှုကို အလုံးစုံမနှစ်သက် ပါဘူး။

ဒါဟာ ဆီးရီးယားအသင်းအစစ်အမှန်လို့ ကျွန်တော်မယူဆပါဘူး။ အာဆတ်ကိုယ်စားပြုအ သင်းပါပဲ။ ဘောလုံးအသင်းဆိုတာ နိုင်ငံရေးကိုယ် စားပြုမဟုတ်ဘူး။ လူထုကို ကိုယ်စားပြုရပါမယ်။

ဒီစကားက တူရကီမှာ နိုင်ငံရေးခိုလှုံနေသူ

ကျောင်းသားအယ်ဂါဇီရဲ့မချိတင်ကဲရေရွတ်သံပါပဲ။

Most Read

Most Recent