ဟာရီကိန်း ဂိုးမြူးပြီး ဟတ်ဒါဖီးလ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ စပါး

ဟာရီကိန်း ဂိုးမြူးပြီး ဟတ်ဒါဖီးလ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ စပါး
Published 1 October 2017

 

ပရီးမီးယားလိဂ် ပွဲစဉ်(၇) စနေည အစောဆုံးပွဲစဉ်အဖြစ် ဟတ်ဒါဖီးလ်နဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး စပါးအသင်းက (၄)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

စပါးအသင်းရဲ့ ကွင်းလယ်မှာ ဒမ်ဘီလီ၊ ဝမ်ယာမာတို့ ဒဏ်ရာရနေတာကြောင့် ဟာရီဝင့်ခ် ဝင်ရောက်ကစားခဲ့ပြီး ညာအစွန် နောက်ခံလူနေရာမှာလည်း အော်ရီယာ ပွဲပယ်ခံထားရတာကြောင့် ထရစ်ပီယာ ကစားတာကလွဲရင် အဓိကကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့တာပါ။

ကစားပုံမာကျောမှုနဲ့ နာမည်ကြီးတဲ့ တန်းတက် ဟတ်ဒါဖီးလ်အသင်းဟာ ဒီပွဲမှာတော့ ခံစစ်ပိုင်းအမှားတွေကြောင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲအစ(၇)မိနစ်မှာပဲ စပါးနောက်ခံလူ ထရစ်ပီယာ ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဟတ်ဒါဖီးလ်ခံစစ်က ရှင်းထုတ်ရာမှာ လွဲချော်ခဲ့တာကြောင့် ဟာရီကိန်း အပိုင်အခွင့်အရေးရသွားပြီး အဆုံးသတ်သွင်းယူခဲ့ပါတယ်။

ဒုတိယဂိုးကိုလည်း (၁၆)မိနစ်မှာရရှိခဲ့ပြီး ဟတ်ဒါဖီးလ်ခံစစ်အမှားကတစ်ဆင့် စပါးနောက်ခံလူ ဘင်ဒေးဗီစ် သွင်းယူခဲ့တာပါ။ စပါးအသင်းအတွက် နောက်ထပ်ဂိုးတွေကိုတော့ ဟာရီကိန်း (၂၃)မိနစ်နဲ့ ဆစ်ဆိုကို (၉၁)မိနစ်တို့က သွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းကတော့ စက်တင်ဘာလအတွင်းမှာ ကလပ်အသင်းနဲ့ နိုင်ငံတကာသွင်းဂိုးပေါင်း (၁၃)ဂိုးအထိရှိခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝမှာ သွင်းဂိုးအများဆုံးလ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီ (၂၀၁၂ မတ်လ)၊ စီရော်နယ်လ်ဒို (၂၀၁၀ အောက်တိုဘာ)တို့ တစ်လတာအတွင်း (၁၃)ဂိုးသွင်းနိုင်ခဲ့တဲ့စံချိန်ကိုလည်း ဟာရီကိန်းက လိုက်မီခဲ့တာပါ။

■ ပရီးမီးယားလိဂ်ရလဒ်

ဟတ်ဒါဖီးလ် ဝ-၄ စပါး

 

■ လာလီဂါရလဒ်

Photo: Reuters

ဒီပို့တီဗို ၂-၁ ဂီတာဖေး

Most Read

Most Recent