အာဆင်နယ်နှင့်ပွဲအား ရက်မရွှေ့ရန် ယာဂန်ကလော့ပ် တောင်းဆို

အာဆင်နယ်နှင့်ပွဲအား ရက်မရွှေ့ရန် ယာဂန်ကလော့ပ် တောင်းဆို
Published 1 October 2017

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အာဆင်နယ်အသင်းနှင့်ကစားရမည့်ပွဲစဉ်အား ခရစ္စမတ်မတိုင်မီ တစ်ရက်အလို ဒီဇင်ဘာ ၂၄ ရက်သို့ ရွှေ့ဆိုင်းခြင်းမပြုရန် တိုက်တွန်းပြောကြားသည်။

အီမရိတ်စ်ကွင်း၌ကစားရမည့် ယင်းပွဲစဉ်အား ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပရန် ရေးဆွဲထားပြီးဖြစ်သော်လည်း Sky ရုပ်သံ ဌာနက ၂၂ နှစ်အတွင်း ပထမဆုံးအဖြစ် ဒီဇင်ဘာ ၂၄ ရက်တွင် ကစားစေရန် ဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Photo: Getty Images

အကယ်၍ ရက်ပြောင်းလဲဖြစ်ပါက လီဗာပူးလ်အသင်းသည် နှစ်သစ်ကူးပွဲကျပ်ကာလတွင် ကိုးရက်အတွင်း လေးပွဲအထိ ကစားရမည်ဖြစ်ရာ ကလော့ပ်က "ဒီလိုညမျိုးမှာ ဘယ်သူက ဘောလုံးပွဲကြည့်ချင်လဲ ဆိုတာ တွေးကြည့်လို့တောင်မရပါဘူး။ ဒီလိုအရေးကြီးတဲ့ညမျိုးတွေမှာ ဘောလုံးထက် တခြားအရာတွေကိုပဲ အာရုံစိုက်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပရိသတ်တွေကသာ ခရစ္စမတ်အကြိုရက်မှာ ဘောလုံးပွဲကြည့်ချင် တယ်ဆိုရင် ရုပ်သံထုတ်လွှင့်သူတွေက နည်းလမ်းရှာဖွေကြမှာဖြစ်သလို ရှာတွေ့ပြီးလည်း ဖြစ်မှာပါ။ အရင်တုန်းကတော့ ဒီလိုရက်မျိုးမှာ ဘောလုံးပွဲကစားဖို့ ဖြစ်နိုင်လားဆိုတာ မသိပေမယ့် အခုတော့ ဖြစ်နိုင်ခြေရှိတာသိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်မှာ ကစားရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဆန့်ကျင်နိုင်မလားဆိုတာ မသေချာပါဘူး"ဟု ပြောကြားသည်။

Most Read

Most Recent