မော်စကိုမြို့ရှိ UEFA တာဝန်ရှိသူများတည်းခိုသည့်ဟိုတယ်၌ ဗုံးသတင်းရရှိ

မော်စကိုမြို့ရှိ UEFA တာဝန်ရှိသူများတည်းခိုသည့်ဟိုတယ်၌ ဗုံးသတင်းရရှိ
Published 27 September 2017

 

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဥရောပဘော လုံးအဖွဲ့ချုပ် (UEFA) တာဝန်ရှိသူများ တည်းခိုနေသည့်ဟိုတယ်တွင် ဗုံးဖောက်ခွဲမည့်သတင်းကြောင့် အရေးပေါ်ရွှေ့ပြောင်း၍ ရှာဖွေမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။

မော်စကိုမြို့ရှိ Hilton Moscow Marina ဟိုတယ်တွင် စက်တင်ဘာ ၂၅ ရက် ညပိုင်း၌ ဗုံးဖောက်ခွဲမည်ဟု သတင်းရရှိထားကြောင်း ဖုန်းဖြင့်ဆက်သွယ်ပြောကြားမှုကြောင့် တည်းခိုနေသူများအား အရေးပေါ် ရွှေ့ပြောင်းပြီးနောက် သံသယဖြစ်ဖွယ်အထုပ်များအား ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဟိုတယ်တွင် UEFA ၏ ပြိုင်ပွဲကျင်းပသည့်ကွင်းနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ တာဝန်ရှိသူများဟု ယူဆရသူများ တည်းခိုလျက်ရှိပြီး ၎င်းတို့သည် စပါးတပ်မော်စကို-လီဗာပူးလ်၊ CSKA မော်စကို- မန်ယူ ချန်ပီယံလိဂ်ပွဲစဉ်များအတွက် ကြိုတင်ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ရှာဖွေစစ်ဆေးမှုပြုလုပ်ပြီးနောက် သံသယဖြစ်ဖွယ်မတွေ့ရှိသဖြင့် စက်တင်ဘာ ၂၃ ရက် သန်းခေါင်ယံအချိန်တွင် ဧည့်သည်များအား ပုံမှန်အတိုင်း ပြန်လည်တည်းခိုခွင့်ပြုခဲ့သည်။

မော်စကိုမြို့အတွင်း တစ်နေရာကို တွေ့ရစဉ် (Photo: Sky Sports)

မန်ယူနှင့် လီဗာပူးလ်အသင်းကလည်း ဘောလုံးလူဆိုးပြဿနာကြောင့် ပရိသတ်များအား သတိပေးချက်ထုတ်ပြန်ထားသည်။

Most Read

Most Recent