နည်းပြ အက်စ်ခရီဘာကို ဗီလာရီးယဲလ်အသင်း ရာထူးမှ ထုတ်ပယ်

နည်းပြ အက်စ်ခရီဘာကို ဗီလာရီးယဲလ်အသင်း ရာထူးမှ ထုတ်ပယ်
Published 26 September 2017

Photo: Sky Sports

ဗီလာရီးယဲလ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သောပွဲတွင် ဂီတာဖေးအသင်းကို (ဝ-၄)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ အက်စ်ခရီဘာကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

ဗီလာရီးယဲလ်အသင်းသည် ရာသီအဖွင့်(၆)ပွဲတွင် (၂)ပွဲသာ အနိုင်ရရှိပြီး (၁)ပွဲသရေ၊ (၃)ပွဲရှုံးနိမ့်ထားသည်။

ပြီးခဲ့သည့်ကြားပွဲစဉ်၌ အိမ်ကွင်းတွင် အက်စ်ပန်ညိုအသင်းကို သရေသာ ကစားနိုင်ခဲ့သလို၊ ယခု ဂီတာဖေးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် အသင်းတာဝန်ရှိသူများက လမ်းခွဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အက်စ်ခရီဘာသည် ပြီးခဲ့သည့်ရာသီက ဗီလာရီးယဲလ်အသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ယခုရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုထားသူလည်းဖြစ်သည်။

အက်စ်ခရီဘာသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် အလာဗတ်စ်နည်းပြ ဇူဘယ်လ်ဒီယာ၏နောက် ဒုတိယမြောက် ထုတ်ပယ်ခံရသည့်နည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

Most Read

Most Recent