ချက်နှင့် ဂျူဗင်တပ်စ်ဂန္ထဝင် နက်ဗက်သည် အနားယူနေခဲ့ရာမှ ဘောလုံးပြန်ကစားတော့မည်ဖြစ်ကြောင်း သိရသည်။
(၄၅)နှစ်အရွယ်ရှိ နက်ဗက်သည် ၂၀၀၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီး ဂျူဗင်တပ်စ်အသင်းတွင် ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။
၎င်းအနေဖြင့် မိခင်နိုင်ငံ ချက်ရှိ အပျော်တမ်းကလပ် FKစကယ်နာအသင်းတွင်ကစားရန် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကလပ်အသင်းတွင် သူ၏ကစားသမားဘဝကို စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းကလည်း နက်ဗက် ဘောလုံးကစားနိုင်ရန်အတွက် သူ၏လုပ်ငန်းတာဝန်များမှ အနားပေးပြီး ခွင့်ပြုသွားမည်ဖြစ်သည်။