ဒိန်းမတ်ကစားသမားများထဲ၌ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးအဖြစ် အဲရစ်ဆင် မှတ်တမ်းဝင်

ဒိန်းမတ်ကစားသမားများထဲ၌ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးအဖြစ် အဲရစ်ဆင် မှတ်တမ်းဝင်
Published 25 September 2017

စပါးအသင်းမှ ဒိန်းမတ်လက်ရွေး စင်ကွင်းလယ်လူ အဲရစ်ဆင်သည် ဒိန်း မတ်
ကစားသမားများထဲတွင် ပရီးမီး ယားလိဂ်သွင်းဂိုးအများဆုံးကစားသ မားအဖြစ်
မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဲရစ်ဆင်(၂၅နှစ်)သည် ပြီးခဲ့ သည့်
စနေနေ့က ကစားခဲ့သော ဝက်စ် ဟမ်းအသင်းကို (၃-၂)ဂိုးဖြင့်အနိုင်ရခဲ့ သည့်
ပရီးမီးယားလိဂ်ပွဲတွင် စပါးအ သင်းအတွက် တစ်ဂိုးသွင်းယူခဲ့သည်။ ၂၀၁၃ ခုနှစ်က
အေဂျက်စ်အသင်းမှ ပြောင်းရွှေ့ခဲ့သူ အဲရစ်ဆင်သည် ပရီးမီး ယားလိဂ်တွင်
စုစုပေါင်း(၃၃)ဂိုးအထိ သွင်းယူခဲ့ပြီး ဒိန်းမတ်ကစားသမားများ ထဲ၌ ပရီးမီးယား
လိဂ်သွင်းဂိုး အများဆုံး စာရင်းတွင် အာဆင်နယ်တိုက်စစ်မှူး ဟောင်း ဘန်တနာကို
ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ခဲ့ပြီဖြစ် သည်။ ဝက်စ်ဟမ်းနှင့်ပွဲအပြီးတွင်
အဲ ရစ်ဆင်က-ဒိန်းမတ်ကစားသမားတွေ ထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုးအများ ဆုံးအဖြစ်
ဘန်တနာကို ကျော်ပြီး ထိပ် ဆုံးနေရာ ရောက်ခဲ့တဲ့အတွက် အရမ်းဝမ်း မြောက်မိပါတယ်။
ဒါပေမဲ့ ဒီဂိုးဟာ ကျွန် တော့်ရဲ့ နောက်ဆုံးဂိုး မဟုတ်သေးပါဘူး-ဟု ပြောကြားခဲ့သည်။

အဲရစ်ဆင်သည် ပရီးမီးယားလိဂ် တွင် နိုင်ငံအလိုက်ကစားသမားများထဲမှ သွင်းဂိုးအများ
ဆုံးစာရင်း၌ ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ ပရီးယားလိဂ်တွင် အင်္ဂလန်ကစားသမားများထဲမှ
သွင်းဂိုး အများဆုံးအဖြစ် နယူးကာဆယ် ဂန္ထဝင် တိုက်စစ်မှူး အလန်ရှီးယားက စုစုပေါင်း
(၂၆၀)ဂိုးဖြင့် ရပ်တည်နေပြီး ၎င်းမှာ ပရီး မီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများ
ဆုံးသွင်းယူခဲ့သူအဖြစ် စံချိန်တင်ထားသူ ဖြစ်သည်။ ပရီးမီး ယားလိဂ်သမိုင်းတစ် လျှောက်တွင်
မတူ ညီသည့် နိုင်ငံ(၉၆)နိုင်ငံ မှ ကစားသမား များမှာ ဂိုးများ အသီးသီးသွင်းယူခဲ့ဖူး ကြောင်းသိရသည်။

REF:Daily Mail
Photo:AFP

Most Read

Most Recent