မန်စီးတီးဂိုးသွင်းစံချိန်ရှင် အဲရစ်ဘရွတ်ခ်၏သွင်းဂိုးကို လိုက်မီရန် အဂွဲရိုး(၁)ဂိုးသာ လိုအပ်

မန်စီးတီးဂိုးသွင်းစံချိန်ရှင် အဲရစ်ဘရွတ်ခ်၏သွင်းဂိုးကို လိုက်မီရန် အဂွဲရိုး(၁)ဂိုးသာ လိုအပ်
Published 25 September 2017

မန်စီးတီးအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် အသင်း၏ဂိုးသွင်းစံချိန်ရှင်
အဲရစ်ဘရွတ်ခ်  ၏သွင်းဂိုးကိုလိုက်မီရန် တစ်ဂိုးသာလိုအပ်တော့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး(၅-ဝ)ခရစ္စတယ်
ပဲလေ့စ်ပွဲ၌ အဂွဲရိုးသည် ပွဲချိန်(၇၉)မိနစ်တွင် အသင်းအတွက် စတုတ္ထမြောက်ဂိုးကို
သွင်းယူပေးခဲ့ပြီး ယင်းဂိုးမှာ မန်စီးတီးအသင်းတွင် သူ၏ (၁၇၆)ဂိုးမြောက် သွင်းဂိုးဖြစ် ခဲ့သည်။

မန်စီးတီးအသင်းတွင် ၁၉၂၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်အထိ (၁၃)နှစ်ကြာကစားခဲ့သော
အင်္ဂလန်တိုက် စစ်မှူး အဲရစ်ဘရွတ်ခ်သည် သွင်းဂိုး(၁၇၇)ဂိုးဖြင့် အသင်းသမိုင်းတစ်လျှောက်
ဂိုးသွင်းစံချိန်တင်ထားခဲ့ ရာ အဂွဲရိုးသည် ယင်းစံချိန်ကိုလိုက်မီရန် (၁)ဂိုးသာလိုအပ်တော့ပြီး
အသင်း၏ ဂိုးသွင်းစံချိန်ရှင်အဖြစ် မှတ်တမ်းဝင်ရန် နီးစပ်လာပြီဖြစ်သည်။ အဂွဲရိုးသည်
၂၀၁၁ ခုနှစ်က စပိန်ကလပ် အက်သလက်တီကိုမက် ဒရစ်အသင်းမှ မန်စီးတီးအသင်းသို့
ပြောင်းရွှေ့လာသူဖြစ်ပြီး (၆)နှစ်အတွင်း သူ၏သွင်းဂိုးအရေအတွက်မှာ ယင်းပမာဏအထိ
ရောက်ရှိလာခြင်းဖြစ်သည်။

REF:Daily Mail
Photo:AFP

Most Read

Most Recent