ဘာစီလိုနာအသင်းတင်ရှိခဲ့သော လာလီဂါအဝေးကွင်းတွင် ပွဲအများဆုံးဂိုးသွင်းယူခဲ့သည့်စံချိန်ကို ရီးယဲလ် ကျော်ဖြတ်

ဘာစီလိုနာအသင်းတင်ရှိခဲ့သော လာလီဂါအဝေးကွင်းတွင် ပွဲအများဆုံးဂိုးသွင်းယူခဲ့သည့်စံချိန်ကို ရီးယဲလ် ကျော်ဖြတ်
Published 25 September 2017

ရီးယဲလ်အသင်းသည် ၎င်းတို့၏ အဓိက ပြိုင်ဘက် ဘာစီလိုနာအသင်း တင်ရှိခဲ့သော
လာလီဂါတွင် အဝေးကွင်းပွဲအများ ဆုံးဂိုးသွင်းယူခဲ့သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ် ကြောင်း
စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်စနေနေ့က အလာ ဗတ်စ်ကို (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့သော
ပွဲအပြီးတွင် လာလီဂါ အဝေးကွင်းပွဲစဉ်များ၌ ဂိုးသွင်းခဲ့သည့်ပွဲအရေအတွက်မှာ (၃၃)ပွဲအထိ
ရှိလာပြီး ဘာစီလိုနာထက် တစ်ပွဲအသာဖြင့် စံချိန်သစ်တင်ရှိခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်အသင်းသည်
လာလီဂါတွင် အဝေးကွင်း၌ ဂိုးမသွင်းနိုင်ခဲ့သည့်နောက်ဆုံး ပွဲမှာ ၂၀၁၅၊ ဒီဇင်ဘာလအတွင်းက
ကစားခဲ့သော ဗီလာရီး ယဲလ်နှင့်ပွဲတွင်ဖြစ်ပြီး (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။ ရီးယဲလ်အသင်း
အနေဖြင့် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ဘက်တစ်နှင့်ပွဲတွင် (ဝ-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ
ပွဲဆက်အများဆုံးဂိုးသွင်းယူခဲ့သည့် မှတ်တမ်း ရပ် တန့်သွားသော်လည်း လာလီဂါ၌ စံချိန်ကောင်းတစ်ခု
တင် ရှိခဲ့ခြင်းဖြစ်သည်။

REF:AS
Photo:AFP

Most Read

Most Recent