We are one cup (ရန်ကုန်)တွင် TKA Friend F.C ဗိုလ်စွဲ

We are one cup (ရန်ကုန်)တွင် TKA Friend F.C ဗိုလ်စွဲ
Published 24 September 2017

Photo - ကောင်းထက်အောင်

မြန်မာဘရူဝါရီကုမ္ပဏီက အဓိကပံ့ပိုးပြီး ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိသည့် We are one cupပြိုင်ပွဲတွင် TKA Friend F.C အသင်းက New Light F.C အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရကာဗိုလ်စွဲခဲ့သည်။

We are one cup (ရန်ကုန်)၏ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာ(၂၃)ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့ ၊အောင်ဆန်းအားကစားကွင်းတွင်ကျင်းပခဲ့ပြီး TKA Friend F.C အသင်းကအနိုင်ရကာ မန္တလေးမြို့တွင်ကျင်းပမည့် Grand-finalကို တက်ရောက်သွားပြီဖြစ်ကြောင်းသိရသည်။We are one cupပြိုင်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်၊မန္တလေး၊ပုသိမ်နှင့်တောင်ကြီးမြို့များတွင် ယှဉ်ပြိုင်ကစားလျက်ရှိပြီးအသင်းပေါင်း(၈၀)ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

လက်ရှိအချိန်တွင် ရန်ကုန်၌ကျင်းပသော We are one cupပြိုင်ပွဲတွင် TKA Friend F.C အသင်း၊ မန္တလေးတွင်းကျင်းပသော ပြိုင်ပွဲ၌ Glory F.C အသင်းတို့ ချန်ပီယံဖြစ်ခဲ့ပြီးပုသိမ်နှင့်တောင်ကြီးမြို့များမှချန်ပီယံအသင်းတို့ကို ဆက်လက်စောင့်မျှော်ရမည်ဖြစ်သည်။

မြို့ ကြီး(၄)မြို့မှ ချန်ပီယံအသင်း(၄)သင်းပါဝင်သော grand-Final ကို မန္တလေးမြို့တွင် အောက်တိုဘာ(၁၄)ရက်နေ့၌ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent