ပြောင်းရွှေ့ကြေးများအား စည်းမျဉ်းဖြင့်ထိန်းချုပ်နိုင်ရန် ဝင်းဂါး မျှော်လင့်

ပြောင်းရွှေ့ကြေးများအား စည်းမျဉ်းဖြင့်ထိန်းချုပ်နိုင်ရန် ဝင်းဂါး မျှော်လင့်
Published 24 September 2017

 

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက လာမည့်တစ်နှစ်အတွင်း ဘောလုံးလောက၏ မြင့်မားသည့် ပြောင်းရွှေ့ကြေးများအား စည်းမျဉ်းဖြင့် ထိန်းချုပ်နိုင်ရန်မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ဂျာမနီနိုင်ငံ၏အဓိပတိ မာကယ်လ်နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်က နွေရာသီတွင် ကမ္ဘာ့စံချိန်တင်ဈေးနှုန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် နေမာ၊ ဘာပေတို့၏ အပြောင်းအရွှေ့အား ထောက်ပြဝေဖန်မှုများရှိနေစဉ် အာစင်ဝင်းဂါး ယခုလို သုံးသပ်ပြောကြားခြင်းဖြစ်သည်။

"တစ်စုံတစ်ခုတော့ ဖြစ်လာမှာပါ။ ပထမဆုံးအနေနဲ့ ဂျာမနီဝန်ကြီးချုပ်နဲ့ UEFA ဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုလာပါပြီ။ ဒါကြောင့် အာဏာပိုင်တွေရဲ့ ရှုထောင့်ဘက်ကနေပြောရရင် လာမယ့် ၁၂ လအတွင်း ပြောင်းရွှေ့ကြေးတွေ ကို စည်းမျဉ်းနဲ့ထိန်းချုပ်တာမျိုး တစ်ခုခုဖြစ်လာလိမ့်မယ်လို့ထင်ပါတယ်။ ရွေးချယ်စရာ နှစ်ခုတော့ရှိပါတယ်။ လုံးဝလွတ်လပ်ခွင့်ပေးလိုက်ဖို့ ဒါမှမဟုတ် စည်းမျဉ်းနဲ့ထိန်းချုပ်ဖို့ပါ။ ဒါပေမဲ့ ဒီနှစ်ချက်ကြားထဲမှာနေဖို့တော့ မဖြစ်နိုင်ဘဲ အဲဒီလိုသာဆိုရင် အသင်းတချို့အတွက်ပဲ အခွင့်အရေးပိုရသွားစေမှာပါ" ဟု ၎င်းက ဆိုသည်။

Photo: Sky Sports

ထို့ပြင် အာစင်ဝင်းဂါးက ရမ်ဆေးနှင့် ဝဲလ်ဘက်အား စာချုပ်နောက်ဆုံးနှစ်မရောက်မီ သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းမည်ဟု ပြောကြားသည်။

Most Read

Most Recent