၁၉၉၁-၉၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း (၃)ပွဲဆက် အနိုင်ရခဲ့တဲ့ စပါး

၁၉၉၁-၉၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း (၃)ပွဲဆက် အနိုင်ရခဲ့တဲ့ စပါး
Published 24 September 2017

 

ပရီးမီးယားလိဂ် ပွဲစဉ်(၆) စနေည အစောဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး စပါးအသင်းက (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ စပါး နှစ်သင်းစလုံးဟာ ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဝက်စ်ဟမ်းအသင်းက တိုက်စစ်မှာ ဟာနန်ဒက်ဇ်၊ အာနော်တိုဗစ်၊ အန်တိုနီယိုတို့ကို ပွဲထုတ်ခဲ့သလို၊ စပါးကလည်း အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟာရီကိန်း၊ အယ်လီ၊ အဲရစ်ဆင်တို့နဲ့ ပွဲထွက်လာပါတယ်။

ဂိုးတွေအများကြီး သွင်းယူနိုင်ခဲ့ကြပေမယ့် အပြန်အလှန် သွင်းခဲ့ကြတာမဟုတ်ဘဲ စပါးအသင်းက (၃)ဂိုးပြတ်သွင်းပြီးမှ ဝက်စ်ဟမ်းအသင်းက (၂)ဂိုးပြန်လည်ချေပနိုင်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဟာရီကိန်းက (၃၄)မိနစ်မှာ အယ်လီရဲ့ ဖန်တီးမှုကတစ်ဆင့် သွင်းယူခဲ့ပြီး (၃၈)မိနစ်မှာလည်း အယ်လီရဲ့ကန်ချက်ကို ဝက်စ်ဟမ်း ဂိုးသမား ဂျိုးဟတ် ကာကွယ်နိုင်ခဲ့ပေမယ့် ဟာရီကိန်းက ထပ်ဆင့်ပိတ်သွင်းကာ ဒုတိယဂိုးရခဲ့ပါတယ်။

တတိယဂိုးကိုတော့ စပါးကွင်းလယ်လူ အဲရစ်ဆင်က (၆၀)မိနစ်မှာ ပယ်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းအတွက် ပထမချေပဂိုးကို ဟာနန်ဒက်ဇ်က (၆၅)မိနစ်မှာ ခေါင်းတိုက် သွင်းယူခဲ့ပြီး မိနစ်(၇၀)မှာ စပါးနောက်ခံလူ အော်ရီယာ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဝက်စ်ဟမ်းအသင်း ပိုမိုတိုက်စစ်ဆင်ကစားလာပါတယ်။

(၈၇)မိနစ်မှာတော့ လူစားဝင် ကစားသမား မာဆူကူရဲ့ ဖြတ်တင်ဘောကို ကွင်းလယ်လူ ကူယာတေး ခေါင်းတိုက်သွင်းပြီး ဝက်စ်ဟမ်း ဒုတိယချေပဂိုးရခဲ့ပါတယ်။

လက်ကျန်ပွဲချိန်မှာတော့ စပါးအသင်းက နောက်ထပ်ဂိုးတွေမပေးရအောင် ထိန်းကစားနိုင်ခဲ့ပြီး (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

စပါးအသင်းဟာ နယူးကာဆယ်၊ အဲဗာတန်ကွင်းတွေမှာ အနိုင်ရပြီးနောက် ဝက်စ်ဟမ်းကွင်းမှာ ထပ်မံအနိုင်ရခဲ့တာဖြစ်ပြီး ၁၉၉၁-၉၂ ရာသီနောက်ပိုင်း တစ်ရာသီအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း (၃)ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်

ဝက်စ်ဟမ်း ၂-၃ စပါး

 

■ လာလီဂါရလဒ်

Photo: IAN KINGTON/AFP/Getty Images

အက်သလက်တီကို ၂-၀ ဆီဗီလာ

Most Read

Most Recent