ယနေ့ညနှင့် မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့်ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များ

ယနေ့ညနှင့် မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့်ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များ
Published 22 September 2017

■ ဘိုင်ယန်မြူးနစ် နှင့် ဝုလ်ဖ်ဘတ် (၂၃-၉-၂၀၁၇ နံနက် ၀၁း၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဟော်ဖန်ဟင်မ်ကိုရှုံးနိမ့်ပြီး ကတည်းက ပွဲတိုင်းကို ဖိဖိစီးစီးကစားနေတယ်။ ပြိုင်ပွဲစုံ (၃)ပွဲ ဆက်အနိုင်ယူထားပြီး ပွဲတိုင်းလည်း အနိမ့်ဆုံး(၃)ဂိုးစီသွင်းယူ ထားနိုင်တာတွေ့ရတယ်။ ဝုလ်ဖ်ဘတ်ကတော့ ပြန်ပြီးခြေပျက် လာတဲ့ပုံပါပဲ။ မြူးနစ်ကွင်းမှာလည်း ပြိုင်ပွဲစုံ နောက်ဆုံး(၁၈)ပွဲ ဆက် အရှုံးပေးခဲ့ရပါတယ်။ PSG နဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲကစားရဖို့ရှိတဲ့ ဘိုင်ယန်အခုပွဲကို အာရုံစိုက်နိုင်ဖို့ မလွယ်ပါ ဘူး။ ဝုလ်ဖ်ဘတ်ကိုပဲ ရွေးချယ်ချင်တယ်။

■နိုက်စ် နှင့် အန်ဂါစ် (၂၂-၉-၂၀၁၇ ည ၁၁း၃၀ နာရီ)
အဝေးကွင်း (၅)ပွဲဆက် အန်ဂါစ်မရှုံးသေးပေမယ့် သူတို့ ရဲ့ လက်ရှိခြေစွမ်းက ရာသီအစကလောက် မာကျောမှုမရှိတော့ဘူး။ နိုက်စ်က ပယ်လီယာ၊ ဘာလိုတယ်လီတို့ရဲ့ ဂိုးတွေနဲ့ မျက်နှာပန်းလှနေပါတယ်။ ဒီပွဲပြီးရင် ယူရိုပါလိဂ်ပွဲရှိနေပေမယ့် နိုက်စ် အာရုံစိုက်ကစားမယ်။ (၂)ဂိုးပြတ်လောက်နိုင်မယ်။

■ လိုင်လီ နှင့် မိုနာကို (၂၃-၉-၂၀၁၇ နံနက် ၀၁း၁၅ နာရီ)
(၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ လိုင်လီအသင်း အခြေအနေမကောင်းပါဘူး။ တိုက်စစ်က ဂိုးရဖို့ရုန်းကန်နေရပြီး ခံစစ်တည်ငြိမ်မှုလည်း နည်းပါတယ်။ ဖယ်လ်ကာအို ဂိုးမြူးနေတဲ့ မိုနာကိုတိုက်စစ်ကို ထိန်းနိုင်ဖို့ခက်ပါတယ်။ ဒါပေမဲ့ လိုင်လီ (၂) ဂိုးပြတ်မရှုံးနိုင်သလို၊ တစ်မှတ်မျှော်လင့်ခွင့်လည်းရှိတယ်။

Photo:Getty Images

Most Read

Most Recent