ကာဗာနီနှင့်အချင်းများခဲ့ခြင်းအတွက် အသင်းဖော်များကို နေမာ တောင်းပန်

ကာဗာနီနှင့်အချင်းများခဲ့ခြင်းအတွက် အသင်းဖော်များကို နေမာ တောင်းပန်
Published 22 September 2017

PSG အသင်းတိုက်စစ်မှူးနေမာသည် လိုင်ယွန်နှင့်ပွဲတွင် ကာဗာနီနှင့်အချင်းများခဲ့သည့်ဖြစ်ရပ်အတွက်
အသင်းဖော်များကို တောင်းပန်စကားဆိုခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်တစ်ပတ်က ပြင်သစ်လီဂူးပွဲ
အဖြစ် လိုင်ယွန်နှင့်ကစားခဲ့သောပွဲတွင် ရရှိခဲ့သည့်ပယ်နယ်တီကို နေမာက ကာဗာနီထံမှ လုကန်ရန်
ကြိုးပမ်းရာမှ အချင်းများခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အချင်းများခဲ့သည့်ဖြစ်ရပ်မှာ မီဒီယာစာမျက်နှာများထက်
တွင် ကျယ်ကျယ်ပြန့်ပြန့် နေရာယူခဲ့ပြီး စပိန်မီဒီယာအချို့က နေမာသည် ကာဗာနီကို ရောင်းချရန်
အသင်းဥက္ကဋ္ဌထံ တောင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း ကာဗာနီက နေမာနှင့်မိမိတို့အကြား မည်သည့်ပြဿနာမှမရှိကြောင်း၊ ယခုဖြစ်ရပ်
မှာလည်း ဘောလုံးလောကတွင် ဖြစ်လေ့ဖြစ်ထရှိကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။ ယခုအခါ နေမာ
ကလည်း ၎င်း၏အပြုအမူအတွက် အသင်းဖော်များကို ပြန်လည်တောင်းပန်ခဲ့ကြောင်းသိရသည်။

REF:Daily Mail