ဒီယေဂိုကော်စတာအတွက် အက်သလက်တီကိုနှင့် ချယ်လ်ဆီး သဘောတူညီမှုရရှိပြီဟု စပိန်မီဒီယာများ ဖော်ပြ

ဒီယေဂိုကော်စတာအတွက် အက်သလက်တီကိုနှင့် ချယ်လ်ဆီး သဘောတူညီမှုရရှိပြီဟု စပိန်မီဒီယာများ ဖော်ပြ
Published 22 September 2017

Photo: Marca

အက်သလက်တီကိုအသင်းသည် ချယ်လ်ဆီးအသင်းမှ စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ပြန်လည်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဒီယေဂိုကော်စတာသည် ချယ်လ်ဆီးနည်းပြ ကွန်တီနှင့် ပြဿနာဖြစ်ပွားပြီးနောက် ချယ်လ်ဆီးအသင်းသို့ လုံးဝမပြန်တော့ဟုဆိုကာ သူ၏နေရပ် ဘရာဇီးလ်တွင်ပင် နေထိုင်ခဲ့ပြီး အသင်းဟောင်းအက်သလက်တီကိုအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်းကလည်း တိုက်စစ်မှူး ဂရစ်ဇ်မန်းကို မကြာမီ လက်လွှတ်ရဖွယ်ရှိနေသည့်အတွက် ဒီယေဂိုကော်စတာကို ပြန်လည်ခေါ်ယူရန် ဆန္ဒရှိခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ အက်သလက်တီကိုအသင်း၏ နောက်ဆုံးကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက လက်ခံလိုက်သည့်အတွက် ဆေးစစ်ဆေးမှု ပြုလုပ်ရန်နှင့် အပြီးသတ်စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

အက်သလက်တီကိုအသင်းသည် ဒီယေဂိုကော်စတာကို ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

Most Read

Most Recent