ရပ်ရှ်ဖို့ဒ်သည် ဘာပေ၊ ဒမ်ဘီလီတို့နှင့် ယှဉ်နိုင်သူဖြစ်သည်ဟု ဖီးလ်နဗီးလ် ချီးကျူး

ရပ်ရှ်ဖို့ဒ်သည် ဘာပေ၊ ဒမ်ဘီလီတို့နှင့် ယှဉ်နိုင်သူဖြစ်သည်ဟု ဖီးလ်နဗီးလ် ချီးကျူး
Published 22 September 2017

Photo: Daily Mail

မန်ယူကစားသမားဟောင်း ဖီးလ်နဗီးလ်က မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ယနေ့နာမည်ကျော်နေသည့် ဘာပေ၊ ဒမ်ဘီလီတို့ကို ယှဉ်နိုင်စွမ်းရှိသူဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ဘာပေ၊ ဒမ်ဘီလီတို့နှင့် အသက်အရွယ်ချင်း သိပ်မကွာခြားသလို မန်ယူအသင်းတွင် ခြေစွမ်းပြနေသူလည်းဖြစ်သည်။

ထို့ကြောင့် ဘာတန်နှင့် လိဂ်ဖလားပွဲတွင် ဂိုး(၂)ဂိုးသွင်းယူခဲ့ပြီးနောက် ဖီးလ်နဗီးလ်က "လူတိုင်းက ဘာပေနဲ့ ဒမ်ဘီလီကိုပဲ ချီးမွမ်းခန်းဖွင့်နေကြပါတယ်။ ဒီနိုင်ငံမှာ ရပ်ရှ်ဖို့ဒ်အကြောင်း ပြောတဲ့သူမရှိသလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက အင်္ဂလိပ်ဖြစ်နေလို့ပါပဲ။ ရပ်ရှ်ဖို့ဒ်က ဘယ်တောင်ပံမှာ ခြေစွမ်းပြနေသလို၊ ညာတောင်ပံမှာလည်း ကစားနိုင်သူပါ။ တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်စွမ်းရှိပါတယ်။ သူက ရာသီတိုင်းမှာ တိုးတက်နေတဲ့သူပါ။ သူ့ကို ဒမ်ဘီလီ၊ ဘာပေတို့နဲ့ တစ်တန်းတည်းထားလို့ ရပါတယ်။ သူဟာ ပေါင်သန်း(၁၀၀)နဲ့ သန်း(၁၅၀)ကြား တန်ကြေးရှိတဲ့ ကစားသမားတစ်ယောက်ပါ" ဟုပြောကြားခဲ့သည်။

အဆိုပါကစားသမား(၃)ဦးကို လက်ရှိရာသီ စွမ်းဆောင်မှုဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရပ်ရှ်ဖို့ဒ်သည် စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်းလည်း သိရှိရသည်။

Most Read

Most Recent