အင်တာမီလန်အသင်း၏ ရှယ်ယာ (၃၁)ရာခိုင်နှုန်းကို အဲရစ်သိုဟာထံမှ ဥက္ကဋ္ဌဟောင်း မိုရက်တီ ပြန်လည်ဝယ်ယူမည်

အင်တာမီလန်အသင်း၏ ရှယ်ယာ (၃၁)ရာခိုင်နှုန်းကို အဲရစ်သိုဟာထံမှ ဥက္ကဋ္ဌဟောင်း မိုရက်တီ ပြန်လည်ဝယ်ယူမည်
Published 21 September 2017

 

အင်တာမီလန်အသင်း၏ ရှယ်ယာ (၃၁)ရာခိုင်နှုန်းကို လက်ရှိပိုင်ဆိုင်ထားသည့် အဲရစ်သိုဟာထံမှ ဥက္ကဋ္ဌဟောင်း မိုရက်တီက ပြန်လည် ဝယ်ယူသွားရန် စီစဉ်နေသည်။

အဲရစ်သိုဟာသည် အင်တာမီလန်အသင်း၏ရှယ်ယာများကို ၂၀၁၃ ခုနှစ်အောက်တိုဘာလအတွင်းက ဝယ်ယူခဲ့ကာ ပြီးခဲ့သည့်နှစ်တွင် ဆန်နင်းစီးပွားရေးအဖွဲ့အစည်းထံ ရှယ်ယာ(၇၀)ရာခိုင်နှုန်း နီးပါးရောင်းချခဲ့သည်။

လက်ရှိအချိန်တွင် အဲရစ်သိုဟာသည် အင်တာမီလန်၏အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ၎င်း၏အခွင့်အာဏာ ပိုမိုနည်းပါးလာခြင်းကို စိတ်ပျက်နေပြီး ရှယ်ယာများပြန်လည်ရောင်းချရန်စီစဉ်နေခြင်းဖြစ်သည်။

မိုရက်တီနှင့် အဲရစ်သိုဟာ (Photo: Il Sole 24 Ore)

ယင်းရှယ်ယာအရောင်းအဝယ်ကိစ္စမှာ လာမည့်အောက်တိုဘာလဆန်းပိုင်းတွင် တရားဝင်အပြီးသတ်ဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent