ဒေးဗစ်လူးဝစ်ဇ် လက်ကောက်ဝတ်အရိုးကျိုးဒဏ်ရာရှိနေ

ဒေးဗစ်လူးဝစ်ဇ် လက်ကောက်ဝတ်အရိုးကျိုးဒဏ်ရာရှိနေ
Published 21 September 2017

 

ချယ်လ်ဆီးအသင်းနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်သည် လက်ကောက်ဝတ် အရိုးကျိုးသည့်ဒဏ်ရာရှိနေသော်လည်း အက်သလက်တီကိုနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်ကစားရန် အသင့်ရှိနေကြောင်းသိရသည်။

ဒေးဗစ်လူးဝစ်ဇ်သည် အာဆင်နယ်နှင့်ကစားခဲ့သောပွဲတွင် ကွင်းဘေးရှိ ကြော်ငြာဆိုင်းဘုတ်ဖြင့် ထိခိုက်မိရာမှ လက်ကောက်ဝတ် အရိုးကျိုးသွားခဲ့ခြင်းဖြစ်သော်လည်း မိနစ်(၄၀)ကျော်အထိ ကစားခဲ့ပြီး ပွဲပြီးခါနီး၌ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ချယ်လ်ဆီးအသင်းက အက်သလက်တီကိုနှင့်ပွဲတွင် ဒေးဗစ်လူးဝစ်ဇ် ပါဝင်နိုင်ဖွယ်မရှိဟု ယူဆခဲ့သော်လည်း ယခုအခါ ဒေးဗစ်လူးဝစ်ဇ်သည် အသင်းနှင့်အတူ အပေ့ါစားလေ့ကျင့်ခန်းပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

Photo: Rex Features

ပရီးမီးယားလိဂ်တွင်မူ ပွဲပယ်ပြစ်ဒဏ်ကြောင့် စတုတ်စီးတီး(အဝေး)၊ မန်စီးတီး(အိမ်)အသင်းတို့နှင့် ဆုံတွေ့မည့်ပွဲများကို ဒေးဗစ်လူးဝစ်ဇ် လွဲချော်မည်ဖြစ်ပြီး အောက်တိုဘာ (၁၄)ရက်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားရမည့်ပွဲတွင် ပြန်လည်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent