ယူရိုသန်း (၃၁၀)တန် အက်သလက်တီကိုအသင်း အိမ်ကွင်းသစ်၌ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပမည်

ယူရိုသန်း (၃၁၀)တန် အက်သလက်တီကိုအသင်း အိမ်ကွင်းသစ်၌ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပမည်
Published 21 September 2017

ယူရိုသန်း (၃၁၀)တန် အက်သလက်တီကိုအသင်း အိမ်ကွင်းသစ်၌ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပသွားရန် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က အတည်ပြုခဲ့သည်။
အက်သလက်တီကိုအသင်း၏ ရှယ်ယာ၂၀ ရာခိုင်နှုန်းကို တရုတ်စီးပွားရေးအဖွဲ့အစည်း ဝမ်ဒါမှ ၂၀၁၅ ခုနှစ်၌ ပိုင်ဆိုင်ခဲ့ပြီးနောက် ကွင်းသစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်သည်။
Wanda Metropolitano ဟုအမည်ရသည့် အက်သလက်တီကိုအသင်း၏ အိမ်ကွင်းအသစ်ကို
ပြီးခဲ့သည့်စနေနေ့၌ စတင်ဖွင့်လှစ်ခဲ့ပြီး အဖွင့်ပွဲစဉ်တွင် အက်သလက်တီကိုအသင်းသည် တိုက်စစ်မှူး ဂရစ်ဇ်မန်း၏ သွင်းဂိုးဖြင့် မာလာဂါအသင်းအား (၁-ဝ)ဂိုးဖြင့်

Photo:Marca

အနိုင်ရရှိခဲ့သည်။

အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းက '' ကျွန်တော့်အတွက်တော့ ကစားဖူးသမျှကွင်းထဲမှာ အကောင်းဆုံးပါပဲ။ ကိုယ့်အသင်းရဲ့ ကွင်းဖြစ်နေလို့
ဒီလောက်ပဲ ပြောချင်ပါတယ်'' ဟု ပြောကြားခဲ့သလို၊
အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီကလည်း '' ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ
ကျွန်တော်မကြုံဖူးသေးတဲ့ ကွင်းမျိုးပါပဲ'' ဟု ချီးကျူးခဲ့သည်။

၂၀၁၉ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဘက်ဆစ်တက်အသင်း၏ အိမ်ကွင်း Vodafone Park တွင်
ကျင်းပသွားရန် စီစဉ်ထားသည်။

Most Read

Most Recent