ရီးယဲလ်အသင်းနှင့် ၂၀၂၁ခုနှစ်အထိ ဘန်ဇီမာ သက်တမ်းတိုး

ရီးယဲလ်အသင်းနှင့် ၂၀၂၁ခုနှစ်အထိ ဘန်ဇီမာ သက်တမ်းတိုး
Published 21 September 2017

 

ရီးယဲလ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ယခုလအတွင်း၌ အသင်း၏ အဓိကကစားသမားများဖြစ်သည့် ဒုတိယအသင်းခေါင်းဆောင် မာဆယ်လို၊ ကွင်းလယ်လူ အစ္စကို၊ နောက်ခံလူ ကာဗာဟဲလ်တို့ကို
၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးနိုင်ခဲ့ပြီး ယခုအခါ ဘန်ဇီမာကို ထပ်မံသက်တမ်းတိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းတိုက်စစ်မှူ း ဘန်ဇီမာ
Photo: AFP

ဘန်ဇီမာသည် ၂၀၀၉ခုနှစ်၌ ယူရို (၃၅)သန်းဖြင့် လိုင်ယွန်အသင်းမှ ရီးယဲလ်အသင်းသို့
ရောက်ရှိလာခဲ့ပြီး ရီးယဲလ်အသင်းနှင့်အတူ ဆုဖလား (၁၄)ခုအထိ ဆွတ်ခူးနိုင်ခဲ့သည်။
အသက် (၂၉)နှစ်အရွယ် ဘန်ဇီမာသည် တစ်နှစ်လစာ ယူရို (၇ .၅)သန်းအထိ ရရှိသွားမည်ဖြစ်ပြီး
ရီးယဲလ်အသင်းသည် စာချုပ်ပါလျော်ကြေးကို ယူရိုတစ်ဘီလျံသတ်မှတ်သွားဖွယ်ရှိနေကြောင်းလည်း သိရသည်။

Most Read

Most Recent