လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 September 2017

 

 

Photo: AFP

 

■ အဲဗာတန် နှင့် ဆန်းဒါးလန်း (ကြာသပတေးနံနက် ၁း၁၅)

ပရီးမီးယားလိဂ်ရော၊ ယူရိုပါလိဂ်မှာပါ အခြေမလှဖြစ်နေတဲ့ အဲဗာတန်အသင်း လိဂ်ဖလားမှာ သိက္ခာပြန်ဆယ်နိုင်တာ သတိပြုရမယ်။ ဆန်းဒါးလန်းက လိဂ်ချန်ပီယံရှစ်မှာတောင် အ ခြေအနေမကောင်းလို့ အိမ်ရှင် ဂိုးပြတ်သွင်းဖို့များတယ်။

 

■ အာဆင်နယ်နှင့် ဒွန်ကက်စတာ (ကြာသပတေးနံနက် ၁း၁၅)

ထိပ်သီးပြိုင်ဘက်(၅)သင်း ချန်ပီယံလိဂ်ကို အာရုံစိုက်နေလို့ အာဆင်နယ်က လိဂ်ဖလားမှာ ဖိဖိစီးစီးကစားနိုင်ပါတယ်။ အရံတွေကလည်း ပွဲကြီးအတွေ့အကြုံများတဲ့ အာဆင်နယ် အနိမ့်ဆုံး(၃)ဂိုးလောက်ပြတ်နိုင်တယ်။

 

■ ချယ်လ်ဆီး နှင့် နော်တင်ဟမ်ဖောရက်စ် (ကြာသပတေးနံနက် ၁း၁၅)

ချယ်လ်ဆီးအဖို့ လန်ဒန်ဒါဘီပွဲကစားခဲ့သလို၊ အခုပွဲပြီး ရင်လည်း ပွဲကျပ်တွေ တောက်လျှောက်ကစားရတော့မယ်။ ဒါ ကြောင့် အခုပွဲမှာ အင်အားချွေတာသွားနိုင်တာ သတိပြုရမယ်။ နော်တင်ဟမ်ဘက်ကပဲ အရဲစွန့်သင့်တယ်။

 

■ ဝက်စ်ဘရွန်း နှင့် မန်စီးတီး (ကြာသပတေးနံနက် ၁း၃၀)

မန်စီးတီးအသင်းက တန်ဖိုးမြင့်အရံကစားသမားတွေရဲ့ ပေါက်ကွဲမှုကို တွေ့မြင်ရနိုင်တယ်။ ဒါပေမဲ့ ဝက်စ်ဘရွန်းအသင်းကလည်း အမာခံတွေနဲ့ ပွဲထွက်လာနိုင်ခြေရှိလို့ မန်စီးတီး သိပ်မလွယ်လောက်ပါဘူး။

 

■ မန်ယူ နှင့် ဘာတန် (ကြာသပတေးနံနက် ၁း၃၀)

မန်ယူအသင်းရဲ့ အရံအင်အားကလည်း အသင့်အတင့် တောင့်တင်းမှုရှိပါတယ်။ ဒါ့အပြင် လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်သိက္ခာအတွက်လည်း ကစားရဦးမယ်။ မန်ယူ အနိမ့်ဆုံး(၂)ဂိုး တော့ ပြတ်လိမ့်မယ်။

Most Read

Most Recent