လက်စတာကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်၊ အိမ်ကွင်းမှာ ကပ်နိုင်ခဲ့တဲ့ စပါး

လက်စတာကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်၊ အိမ်ကွင်းမှာ ကပ်နိုင်ခဲ့တဲ့ စပါး
Published 20 September 2017

 

လိဂ်ဖလား တတိယအဆင့် အင်္ဂါည ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ လက်စတာကွင်းမှာ လီဗာပူးလ် ရှုံးနိမ့်ခဲ့ပြီး စပါးကတော့ အိမ်ကွင်းမှာ ကပ်နိုင်ကာ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

လက်စတာနဲ့ လီဗာပူးလ်တို့ရဲ့ပွဲမှာ လက်စတာက (၂-ဝ)ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ အဓိက ကစားသမားတချို့ကို အရံကစားသမား အများစုနဲ့ တွဲဖက်ကာ ပွဲထွက်လာခဲ့ပြီး ကော်တင်ဟို၊ ဟန်ဒါဆန်၊ ဝိုင်နယ်လ်ဒမ်းတို့ ပါဝင်တဲ့ လီဗာပူးလ်အသင်းက ကစားကွက်သာခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးပေါက်ကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ဘဲ တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ လက်စတာကတောင် ဂိုးပေါက်ခြိမ်းခြောက်မှု ပိုများခဲ့တာပါ။ လက်စတာအသင်းအတွက် ဂိုးတွေကို အိုကာဇာကီ (၆၅)မိနစ်နဲ့ ဆလီမန်နီ (၇၈)မိနစ်တို့က သွင်းယူပေးခဲ့ပါတယ်။

စပါးကတော့ လိဂ်ချန်ပီယံရှစ်ကလပ် ဘန်စလေအသင်းကို ဝင်ဘလေကွင်းမှာ လက်ခံကစားခဲ့ပြီး (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ စပါးအသင်းဟာ အယ်လီ၊ ဆွန်ဟောင်မင်၊ ဗာတွန်ဂန် အစရှိတဲ့ ကစားသမားတွေကို အရံ၊ လူငယ်တွေနဲ့ တွဲဖက်ကာ ပွဲထုတ်ခဲ့ပြီး ဘန်စလေအသင်းက အပြန်အလှန် ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေး ဖန်တီးနိုင်မှုပိုင်းမှာတော့ သိသိသာသာ ကွာခြားခဲ့ပါတယ်။ စပါးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အယ်လီက (၆၅)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

လာလီဂါမှာတော့ ဗလင်စီယာနဲ့ ဘာစီလိုနာအသင်းတို့ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲ အသီးသီးရယူနိုင်ခဲ့ကြပါတယ်။ ဗလင်စီယာ တိုက်စစ်မှူး ဇာဇာက ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကလည်း တစ်ဦးတည်း (၄)ဂိုးအထိ သွင်းယူသွားခဲ့တာပါ။

စီးရီးအေမှာတော့ အင်တာမီလန်အသင်း နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ပြီး ဘိုလော့ဂ်နာကွင်းမှာ (၁-၁)ဂိုး သရေကျခဲ့ပါတယ်။

■ လိဂ်ဖလားရလဒ်များ
လက်စတာ ၂-၀ လီဗာပူးလ်
ဘရန့်ဖို့ဒ် ၁-၃ နောဝစ်ချ်
ဝုလ်ဗ် ၁-၀ ဘရစ္စတိုးလ်ရိုဗာ
(မိနစ် ၉၀ ဝ-၀၊ အချိန်ပိုတွင် ဝုလ်ဗ် နိုင်)
ဘန်လေ ၂-၂ လိဒ်စ်
(မိနစ် ၉၀ ၂-၂၊ ပယ်နယ်တီတွင် လိဒ်စ် နိုင်)
ဘရစ္စတိုးလ်စီးတီး ၂-၀ စတုတ်စီးတီး
အက်စတွန်ဗီလာ ဝ-၂ မစ်ဒယ်ဘရော့
ဝက်စ်ဟမ်း ၃-၀ ဘော်လ်တန်
ခရစ္စတယ်ပဲလေ့စ် ၁-၀ ဟတ်ဒါဖီးလ်
ဘုန်းမောက် ၁-၀ ဘရိုက်တန်
(မိနစ် ၉၀ ဝ-၀၊ အချိန်ပိုတွင် ဘုန်းမောက် နိုင်)
ရက်ဒင်း ဝ-၂ ဆွမ်ဆီး
စပါး ၁-၀ ဘန်စလေ

■ လာလီဂါရလဒ်များ
ဗလင်စီယာ ၅-၀ မာလာဂါ
ဘာစီလိုနာ ၆-၁ အီဘာ

■ စီးရီးအေရလဒ်များ
ဘိုလော့ဂ်နာ ၁-၁ အင်တာမီလန်

လက်စတာကွင်း၌ ရှုံးနိမ့်ခဲ့သည့် လီဗာပူးလ် (Photo: ESPN)

■ ဘွန်ဒစ်လီဂါရလဒ်များ
မိုချန်ဂလာဘတ် ၂-၀ စတုဂတ်
ရှော်လ်ကေး ဝ-၃ ဘိုင်ယန်မြူးနစ်
အော့စ်ဘတ် ၁-၀ လိုက်ပ်ဇစ်
ဝုလ်ဖ်ဘတ် ၁-၁ ဝါဒါဘရီမင်

Most Read

Most Recent