ယူရိုပါလိဂ်ပြိုင်ပွဲဝင်အသင်းများထဲတွင် အာဆင်နယ်အသင်း၏လူစာရင်း တန်ဖိုးအကြီးဆုံးဖြစ်

ယူရိုပါလိဂ်ပြိုင်ပွဲဝင်အသင်းများထဲတွင် အာဆင်နယ်အသင်း၏လူစာရင်း တန်ဖိုးအကြီးဆုံးဖြစ်
Published 15 September 2017

Photo: Getty Images

ယနေ့ည ယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်အုပ်စုအဆင့်တွင် ပြိုင်ပွဲဝင်အသင်း(၄၈)သင်းအနက် အာဆင်နယ်အသင်း၏လူစာရင်းမှာ တန်ဖိုးအကြီးဆုံးဖြစ်ကြောင်း Daily Star က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်း၏ လူစာရင်းမှာ ပေါင်(၄၆၂)သန်းဖြင့် တန်ဖိုးအကြီးဆုံးအဖြစ် ဦးဆောင်နေခြင်းဖြစ်ပြီး ဒုတိယနေရာတွင် အေစီမီလန်အသင်းက ပေါင်(၂၉၉)သန်းဖြင့်လည်းကောင်း၊ တတိယနေရာတွင် အဲဗာတန်အသင်းက ပေါင်(၂၈၉)သန်းဖြင့်လည်းကောင်း ရပ်တည်ခဲ့သည်။

Daily Star က အုပ်စု(၁၂)ခုမှ အုပ်စုအလိုက် တန်ဖိုးအကြီးဆုံးအသင်းများကိုလည်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါအသင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

အုပ်စု(A)- ဗီလာရီးယဲလ် ပေါင်(၁၇၈)သန်း
အုပ်စု(B)- ဒိုင်နမိုကိဗ် ပေါင်(၅၅)သန်း
အုပ်စု(C)-ဟော်ဖန်ဟင်မ် ပေါင်(၁၀၈)သန်း
အုပ်စု(D)-အေစီမီလန် ပေါင်(၂၉၉)သန်း
အုပ်စု(E)-အဲဗာတန် ပေါင်(၂၈၉)သန်း
အုပ်စု(F)-လိုကိုမိုးတစ်မော်စကို ပေါင်(၅၄)သန်း
အုပ်စု(G)-စတူအာဘူခါရက် ပေါင်(၂၄)သန်း
အုပ်စု(H)-အာဆင်နယ် ပေါင်(၄၆၂)သန်း
အုပ်စု(I)-မာဆေးလ် ပေါင်(၁၃၈)သန်း
အုပ်စု(J)-ဘီလ်ဘာအို ပေါင်(၁၅၄)သန်း
အုပ်စု(K)-လာဇီယို ပေါင်(၁၆၂)သန်း
အုပ်စု(L)-ဆိုစီဒက် ပေါင်(၁၃၈)သန်း

Most Read

Most Recent