စက်တင်ဘာလအတွက် ဖီဖာကမ္ဘာ့အဆင့်တွင် အင်္ဂလန်အသင်း ၂၀၀၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ရောက်ရှိ

စက်တင်ဘာလအတွက် ဖီဖာကမ္ဘာ့အဆင့်တွင် အင်္ဂလန်အသင်း ၂၀၀၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ရောက်ရှိ
Published 14 September 2017

Photo: FIFA

စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ဖီဖာမှ ထုတ်ပြန်ခဲ့ရာ အင်္ဂလန်အသင်းသည် ယူရို-၂၀၀၀ နောက်ပိုင်း အနိမ့်ဆုံးအဖြစ် အဆင့်(၁၇)နေရာသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ဝေးလ်စ်အသင်းက အဆင့်(၅)ဆင့်တက်လာပြီး အဆင့်(၁၃)နေရာသို့ တက်ရောက်လာသည့်အတွက် အင်္ဂလန်အသင်းအနေဖြင့် ဝေးလ်စ်အသင်း၏အောက်သို့လည်း ရောက်ရှိသွားခဲ့ရသည်။

Photo: FIFA

ကမ္ဘာ့အဆင့်(၁)နေရာကို ဂျာမနီအသင်းက ပြန်လည်ရယူခဲ့ပြီး ထိပ်ဆုံး(၁၀)နေရာစလုံး အဆင့်အတက်အကျများ ရှိခဲ့ကြောင်းလည်း သိရှိရသည်။

Photo: FIFA

မြန်မာအသင်းက အဆင့်(၅)ဆင့်တက်ကာ ကမ္ဘာ့အဆင့် (၁၅၂)နေရာသို့ ရောက်ရှိလာခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent