မန်စီးတီး၊ စပါးနဲ့ ရီးယဲလ်ဂိုးပြတ်နိုင်ပြီး လီဗာပူးလ်အသင်း သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ သုံးသပ်ချက်

မန်စီးတီး၊ စပါးနဲ့ ရီးယဲလ်ဂိုးပြတ်နိုင်ပြီး လီဗာပူးလ်အသင်း သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ သုံးသပ်ချက်
Published 14 September 2017

 

ချန်ပီယံလိဂ်ဒုတိယနေ့ပွဲစဉ်တွေမှာ မန်စီးတီး၊ စပါးနဲ့ ရီးုယဲလ်တို့ ဂိုးပြတ်အနိုင်ရခဲ့ပြီး
လီဗာပူးလ်က အိမ်ကွင်းမှာ သရေနဲ့ပဲ ကျေနပ်ခဲ့ရတယ်။
ပရီးမီးယား (၅)သင်းထဲမှာ လီဗာပူးလ်တစ်သင်းသာနိုင်ပွဲပျောက်ခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက မာနေ၊ ဆာလာ၊ ဖေမီနို တိုက်စစ်အတွဲကိုပဲ ပွဲထုတ်ခဲ့ပြီး ဆာလာနဲ့ မာနေတို့ရဲ့တောင်ပံတိုက်စစ်တွေကို ဆီဗီလာလုံးဝမထိန်းနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ဦးဆောင်ဂိုးရခဲ့တာက ဆီဗီလာဖြစ်ပြီး (၅)မိနစ်မှာ လီဗာပူးလ်နောက်ခံလူလိုဗရန်ရှင်းထုတ်ပုံမပီပြင်ရာကနေ ဘင်ယက်ဒါက လွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းခဲ့တာပါပဲ။
ဂိုးပေးလိုက်ရပြီးနောက်မှာ လီဗာပူးလ်တိုက်စစ်စနစ်တကျပိုရှိလာပြီး
(၂၁)မိနစ်မှာ ဖေမီနိုက ချေပဂိုးသွင်းယူပေးခဲ့ပြီး (၃၇)မိနစ်မှာ ဆာလာရဲ့ ကန်ချက် ဆီဗီလာနောက်ခံလူ
ခါဂျာနဲ့ ထိပြီးဝင်သွားခဲ့လို့ လီဗာပူးလ် ဒုတိယဂိုးရခဲ့ပါတယ်။
ပွဲကို လီဗာပူးလ်ကပဲ ဆက်လက်စိုးမိုးခဲ့ပြီး (၄၂)မိနစ်မှာ ပယ်နယ်တီရခဲ့ပေမယ့် ဖေမီနိုရဲ့ကန်ချက်တိုင်ထိထွက်ခဲ့လို့ လီဗာပူးလ်ကံဆိုးခဲ့ပါတယ်။
ဖေမီနိုဟာ ၂၀၀၇ခုနှစ်က မာဆေးလ်နဲ့ပွဲစဉ်မှာ ဂျရတ်ပယ်နယ်တီလွဲချော်ပြီးနောက်ပိုင်း
ချန်ပီယံလိဂ်မှာ ပယ်နယ်တီလွဲချော်တဲ့ပထမဆုံး လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဒုတိယပိုင်းမှာလည်း လီဗာပူးလ်က ပွဲကိုစိုးမိုးထားနိုင်ပေမယ့် အခွင့်အရေးတွေ သိပ်မရခဲ့ပါဘူး။
ဆီဗီလာက တန်ပြန်တိုက်စစ်တွေနဲ့ အကောင်းဆုံးခြိမ်းခြောက်နိုင်ခဲ့ပြီး (၇၂)မိနစ်မှာ ချေပဂိုးရခဲ့ပါတယ်။
ဒီဂိုးကိုတော့ ကော်ရီယာက သွင်းယူပေးခဲ့တာပါပဲ။ လီဗာပူးလ်က ဂိုးထပ်ရဖို့ ကော်တင်ဟို၊ စတာရစ်ချ်၊
ချိန်ဘာလိန်တို့ကို လူစားထိုးခဲ့ပေမယ့် မထူးခြားခဲ့ဘူး။
ပွဲပြီးခါနီးမှာ ဆီဗီလာတိုက်စစ်မှူး မူရီယဲလ် အပိုင်ကန်သွင်းခဲ့ပေမယ့် ဂိုးမရခဲ့လို့ သရေနဲ့အဆုံးသတ်ခဲ့ပါတယ်။

စပါးအသင်းက အိမ်ကွင်းအဖြစ်လက်ခံကစားနေတဲ့ ဝင်ဘလေကျိန်စာဆိုးကို ရပ်တန့်နိုင်ခဲ့ပါတယ်။
ဒီရာသီမှာ စပါးအသင်းက ဝင်ဘလေကွင်းမှာ ပရီးမီးယားလိဂ် (၂)ပွဲကစားထားပြီး နိုင်ပွဲပျောက်ဆုံးထားခဲ့ပေမယ့် ဂိုးပြတ်အနိုင်ရခဲ့တာပါပဲ။
ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီး ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုသေချာလို့ စပါးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ (၄)မိနစ်မှာပဲ ဟာရီကိန်းပေးတာကနေ ဆွန်ဟောင်မင်က
ဘယ်တောင်ပံကနေ တစ်ကိုယ်တော်ဆွဲပြေးပြီး ဒေါ့မွန်ဂိုးသမား ဘာကီပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကန်သွင်းခဲ့တာပါပဲ။ (၁၁)မိနစ်မှာ ယာမိုလန်ကိုက အဝေးကန်ချက်နဲ့ ဒေါ့မွန်အတွက်
ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် (၁၅)မိနစ်မှာ ဟာရီကိန်းက စပါးအတွက် ဒုတိယဂိုး ရယူပေးခဲ့ပါတယ်။
ဒီဂိုးကလည်း ဆွန်ဟောင်မင်ရဲ့ ကန်ချက်လိုပဲ ဟာရီကိန်းက ထောင့်ကျဉ်းထဲကို ကန်သွင်းခဲ့တာပါပဲ။
ဒုတိယပိုင်းမှာလည်း ဒေါ့မွန်က ပွဲကိုဆက်လက်စိုးမိုးထားနိုင်ပေမယ့် စပါးကပဲ ဂိုးထပ်ရခဲ့ပါတယ်။
မိနစ် (၆၀)မှာ ဟာရီကိန်းက အဲရစ်ဆင်ထိုးပေးတာကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆင်အတွက် ၂၀၁၇ ခုနှစ်မှာ အကြိမ်(၂၀)မြောက် ဂိုးဖန်တီးမှုပါပဲ။
ဒီဂိုးမရမီမှာ အူဘာမီယန်းက ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံဘောသတ်မှတ်ခံရလို့ ဒေါ့မွန်နစ်နာခဲ့ရပါတယ်။
ပွဲပြီးခါနီးမှာ စပါးနောက်ခံလူ ဗာတွန်ဂန် ဂေါ့ဇီကို တံတောင်နဲ့ တွက်သလိုဖြစ်ခဲ့လို့ ထုတ်ပယ်ခံရပါတယ်။

မန်စီးတီးကအဝေးကွင်းမှာ

လီဗာပူးလ်အသင်းမှ ကော်တင်ဟို၏ ထိုးဖောက်ကစားဟန်
Photo: AFP

မန်စီးတီးအသင်းကစားသမားများ ပွဲအပြီးတွင် အောင်ပွဲခံနေစဉ်
Photo: AFP

ဖီယင်နုကို (၄-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီရှုံးပွဲဟာ ဖီယင်နုအတွက် ဂိုးအပြတ်ဆုံးဥရောပပြိုင်ပွဲ
အိမ်ကွင်းအရှုံးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ပွဲအစ (၂)မိနစ်မှာပဲ စတုန်းစ်က မန်စီးတီးအတွက် အဖွင့်ဂိုးသွင်းခဲ့ပြီး (၁၀)မိနစ်မှာ အဂွဲရိုးက ဒုတိယဂိုး၊ (၂၅)မိနစ်မှာ ဂျေးဆုက တတိယဂိုသွင်းပြီး
ပထမပိုင်းအပြီးမှာ မန်စီးတီး (၃)ဂိုးပြတ်နိုင်နေခဲ့ပါတယ်။
ဂျေးဆုဟာ ဘာလော့တယ်လီ၊ ကိုလာရော့ဗ်၊ နိုလီတိုတို့နောက်ပိုင်း ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းနိုုင်တဲ့ မန်စီးတီးကစားသမားဖြစ်ခဲ့ပါတယ်။
မန်စီးတီးအတွက် နောက်ဆုံးဂိုးကို (၆၃)မိနစ်မှာ စတုန်းစ်က သွင်းယူပေးခဲ့တာပါပဲ။

ရီးယဲလ်အသင်းကလည်း အိမ်ကွင်းမှာ အပိုးနီကိုးလ်ရှားကို (၃-ဝ)ဂိုးနဲ့ အလွယ်တကူအနိုင်ရခဲ့ပါတယ်။
ရီးယဲလ်အတွက် ဂိုးတွေကို (၁၂)မိနစ်နဲ့ (၅၁)မိနစ်(ပယ်နယ်တီကတစ်ဆင့်) စီရော်နယ်လ်က သွင်းယူပေးခဲ့ပြီး (၆၁)မိနစ်မှာ ရာမို့စ်က တတိယဂိုးသွင်းယူပေးခဲ့ပါတယ်။

ရလဒ်များ

မာရီဘော ၁-၁ စပါးတပ်မော်စကို
လီဗာပူးလ် ၂-၂ ဆီဗီလာ
ဖီယင်နု ဝ-၄ မန်စီးတီး
ရှက်တာဒိုးနက် ၂-၁ နာပိုလီ
လိုက်ပ်ဇစ် ၁-၁ မိုနာကို
ပေါ်တို ၁-၃ ဘက်ဆစ်တက်
ရီးယဲလ် ၃-၀ အပိုးနီးကိုးလ်ရှား
စပါး ၃-၁ ဒေါ့မွန်

Most Read

Most Recent