w နေရာရရန်အတွက် ကြိုးစား နေရသည်ဟု ဂျွန်စတုန်းစ် ၀န်ခံ - Eleven Media Group <

နေရာရရန်အတွက် ကြိုးစား နေရသည်ဟု ဂျွန်စတုန်းစ် ၀န်ခံ

 

 

Photo: Skysports

မန်စီးတီးအသင်း၏ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ဂျွန်စတုန်းစ်က မိမိအနေဖြင့် ကလပ်အသင်းတွင်ရော၊ လက်ရွေးစင်အသင်း တွင်ပါ ပုံမှန်နေရာရရှိရန်အတွက် ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်နေရသည်ဟု ပြောကြားခဲ့သည်။

ဂျွန်စတုန်းစ်က ” ကျွန်တော် လေ့ကျင့် ရေးကွင်းမှာ အပြင်းအထန်ကြိုးစားလေ့ကျင့် နေပါတယ်။ ဘယ်သူမဆို အသင်းမှာ ပုံမှန်နေရာရပြီး ကစားချင်ကြတာကြောင့် ပြိုင်ဆိုင်မှုက အမြဲတမ်းပြင်းထန်နေပါတယ်။ ကလပ်အသင်း မှာရော၊ လက်ရွေးစင်အသင်းမှာပါ နေရာရဖို့ အတော့်ကို ကြိုးစားလေ့ကျင့်ရမှာပါ” ဟု ပြောကြားခဲ့သည်။

ဂျွန်စတုန်းစ်သည် မန်စီးတီးအသင်းအတွက် နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ(၄၄)ပွဲကစားထားပြီး အင်္ဂလန်အသင်းအတွက် (၁၈)ပွဲကစားထားသည်။

September 13, 2017














Copy Protected by Chetan's WP-Copyprotect.