ချိုင်းထောက်ဖြင့် ပြန်ခဲ့ရသည့် ပေါ့ဘာရက်အနည်းငယ်အနားယူရဖွယ်ရှိ

Photo: AFP

 

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ် မန်ယူ (၃-၀) ဘေဆယ်ပွဲတွင် မန်ယူအသင်း၏ ပြင်သစ်ကွင်း လယ်လူ ပေါ့ဘာသည် တံကောက်ကြောဒဏ် ရာရရှိခဲ့သဖြင့် သူ့အား ပွဲချိန် (၁၉)မိနစ်တွင် ဘယ်လ်ဂျီယံကွင်းလယ်လူ ဖယ်လေနီနှင့် လူစားလဲခဲ့ရသည်။

ပေါ့ဘာအနေဖြင့် ဒဏ်ရာနာကျင်သည့် ဒဏ်ကို အတော်အတန်ခံစားရဖွယ်ရှိပြီး လူ စားလဲခံရပြီးနောက် အရံခုံတန်းသို့ စိတ်ပျက် လက်ပျက်ထွက်ခွာသွားခဲ့သည်။ ပွဲအပြီးတွင် ပေါ့ဘာအား အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းမှ ချိုင်းထောက်ဖြင့် ထွက်ခွာသွားခဲ့သည်ကို တွေ့ ရပြီး သူ၏ဒဏ်ရာအနေအထားအရ ရက်အနည်းငယ် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

ပေါ့ဘာ (၂၄ နှစ်)သည် (၆)လအတွင်း တံကောက်ကြောဒဏ်ရာပြဿနာကို ဒုတိယ အကြိမ်ခံစားရခြင်းလည်းဖြစ်သည်။ ယခုနှစ် မတ်လအတွင်းက ကစားခဲ့သော ၂၀၁၆-၁၇ ဘောလုံးရာသီ ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်း အဆင့် မန်ယူ – ရော့စတော့ဗ်ပွဲတွင်လည်း ပေါ့ဘာသည် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ ပြီး ရက်အနည်းငယ် အနားယူခဲ့ရသည်။ မန်ယူ အသင်းအနေဖြင့် ရှေ့လာမည့်(၁၄)ရက်အ တွင်း ပွဲစဉ်(၅)ပွဲ ကစားရမည်ဖြစ်ရာ ပေါ့ဘာ အနားယူရမည်ဆိုပါက အသင်းအတွက် ထိုး နှက်မှုတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။