ပွဲဦးထွက်ကစားသည့်ပွဲစဉ်များတွင် ဂိုးသွင်းနိုင်သည့် စံချိန်မှတ်တမ်းကောင်းကို ရပ်ရှ်ဖို့ဒ် ထပ်မံရယူခဲ့

ပွဲဦးထွက်ကစားသည့်ပွဲစဉ်များတွင် ဂိုးသွင်းနိုင်သည့် စံချိန်မှတ်တမ်းကောင်းကို ရပ်ရှ်ဖို့ဒ် ထပ်မံရယူခဲ့
Published 14 September 2017

Photo: AFP

 

 

မန်ယူအသင်း၏ အင်္ဂလန်လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ပွဲဦး ထွက်ကစားသောပွဲစဉ်များ၌ ဂိုးသွင်းယူနိုင်သည့် သူ၏ စံချိန်မှတ်တမ်း ကောင်းကို ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုအဖွင့် ပွဲစဉ်တွင် ထပ်မံရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပွဲဦးထွက်ပွဲစဉ်တွင် အသင်း အတွက် ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ပွဲချိန် (၈၄)မိနစ်တွင် မန်ယူအသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲတွင် မန်ယူ အသင်းက ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းအား (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်၊ လိဂ် ဖလား အစရှိသောပြိုင်ပွဲများ၌ ပွဲဦးထွက်ကစားသော ပွဲစဉ်တွင် ဂိုးများသွင်းယူနိုင်သည့်မှတ်တမ်းကောင်းရှိခဲ့ပြီး၊ ကလပ်အသင်းတွင် သာမက နိုင်ငံအသင်းအတွက် ကစားသည့် ပွဲဦးထွက်ပွဲစဉ်များတွင် လည်း ဂိုးများသွင်းယူနိုင်သည့် စံချိန်မှတ်တမ်းကောင်းများ ရှိခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့သော ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ထိုစဉ်က သူ၏အသက်မှာ (၁၈)နှစ် (၂၀၉)ရက်သာ ရှိသေး၍ အင်္ဂလန်လက်ရွေးစင် အသင်းသမိုင်းကြောင်း တစ်လျှောက် တတိယအငယ်ဆုံးဂိုးသွင်းယူသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ၁၉၃၈ ခုနှစ်က သွင်းယူခဲ့ သော တွမ်မီလော်တန်အပြီး အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်ခဲ့သည်။

ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် အင်္ဂလန် ယူ-၂၁ အသင်းအတွက်လည်း ပွဲဦးထွက် ကစားသောပွဲစဉ်တွင် ဟက်ထရစ်(၃)ဂိုး သွင်းယူနိုင်ခဲ့သည်။ ရပ်ရှ်ဖို့ဒ်သည် ယူရို -၂၀၁၆ အုပ်စုပွဲစဉ် အင်္ဂလန် (၂-၁) ဝေးလ်စ်ပွဲ၌ ပါဝင်ကစားချိန်တွင် (၁၈)နှစ် (၂၂၉)ရက်သာရှိရာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အင်္ဂလန် လက်ရွေးစင်ကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့သည်။

Most Read

Most Recent