ကွင်းအတွင်းသို့ ပရိသတ်တစ်ဦးဝင်ရောက်လာခြင်းအတွက် ဆဲလ်တစ်အသင်းကို UEFA စုံစမ်းစစ်ဆေးမည်

 

ပြီးခဲ့သည့် PSG အသင်းနှင့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်တွင် ကွင်းအတွင်းသို့ ပရိသတ်တစ်ဦး ၀င်ရောက်လာခြင်းအတွက် ဆဲလ်တစ်အသင်းကို UEFA စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆဲလ်တစ်အသင်း (၀-၃)ဂိုးဖြင့် ရှုံးနိမ့်နေချိန်တွင်
ယင်းပရိသတ်သည် PSG တိုက်စစ်မှူး ဘာပေ၏ အနီးသို့ ပြေးလာပြီး ကန်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး
လုံခြုံရေးများက ၀င်ရောက်ထိန်းသိမ်းခဲ့ရသည်။

ယင်းဖြစ်ရပ်အတွက် ကြားနာစစ်ဆေးမှုကို လာမည့်အောက်တိုဘာ (၁၈)ရက်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း
UEFA ကြေညာခဲ့သည်။

ဘာပေကို ကွင်းထဲဝင်လာသည့်ပရိသတ် ကန်ရန် ကြိုးပမ်းနေစဉ်
Photo: PA

ဆဲလ်တစ်အသင်းသည် ယခင်ကလည်း ပရိသတ်များ၏ ဆိုးသွမ်းလုပ်ရပ်များကြောင့် UEFA ၏ အရေးယူခြင်းကို (၆)နှစ်အတွင်း (၁၁)ကြိမ်အထိ ခံခဲ့ရကြောင်း သိရသည်။