<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၁ (ဒုတိယနေ့) ပွဲကြိုသုံးသပ်ချက်

 

Photo: AFP

■ မာရီဘော နှင့် စပါးတပ်မော်စက (ကြာသပတေးနံနက် ၁း၁၅)

လီဗာပူးလ်၊ ဆီဗီလာတို့နဲ့ ယှဉ်ရင် အားနည်းချက်တွေ အများကြီးရှိတဲ့အသင်းတွေဖြစ်ပြီး ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာ အတွက် အဓိကထားယှဉ်ပြိုင်ရမယ့်အသင်းတွေဖြစ်ပါတယ်။ မာရီဘောထက် စပါးတပ်မော်စကိုက ဥရောပအတွေ့အကြုံပို ရှိပေမယ့် မာရီဘောအိမ်ကွင်းမှာတော့ အိမ်ရှင်အသင်းကိုပဲ ပိုကြိုက်တယ်။

 

■ လီဗာပူးလ် နှင့် ဆီဗီလာ (ကြာသပတေးနံနက် ၁း၁၅)

လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့ဖူးပြီး ဆီဗီလာအသင်းက လွယ်လွယ်ကူကူပဲ အနိုင် ယူသွားခဲ့တယ်။ လက်ရှိအချိန်မှာ ဆီဗီလာအသင်းက အဲ့ဒီအ ချိန်ကလောက် အားကောင်းတဲ့အနေအထားမဟုတ်တော့ပါ ဘူး။ လီဗာပူးလ်ပဲ အနိုင်ကစားသွားမှာပါ။

 

■ ဖီယင်နု နှင့် မန်စီးတီး (ကြာသပတေးနံနက် ၁း၁၅)

မန်စီးတီးရဲ့ ပြင်ဆင်မှုတွေက တော်တော်အားရစရာ ကောင်းတယ်။ ဥရောပအဆင့်အောင်မြင်မှုတွေကို မျှော်လင့်နေ ပြီဖြစ်တဲ့အနေအထားမှာ အဝေးကွင်းစမ်းသပ်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲစောင့်ကြည့်ရမယ်။ အဝေးကွင်း (၃)ပွဲမှာ ဒီ ပွဲက အချောင်ဆုံးဖြစ်နေတယ်။ မန်စီးတီးနိုင်မှာပါ။

■ ရှက်တာဒိုးနက် နှင့် နာပိုလီ (ကြာသပတေးနံနက် ၁း၁၅)

ဖီယင်နု၊ မန်စီးတီးတို့နဲ့အတူတူ ကျရောက်နေတဲ့အုပ်စုမှာ အသင်းတိုင်းက မျှော်လင့်ချက်ရှိနေတာကိုတွေ့ရတယ်။ မန်စီး တီးက ရေပန်းအစားဆုံး၊ ဖီယင်နုက အားအနည်းဆုံးလို့ သတ် မှတ်လို့ရပေမယ့် မထင်မှတ်တာတွေဖြစ်သွားနိုင်တယ်။အရေး ကြီးတာက အိမ်ကွင်းပွဲစဉ်တွေမှာ အမှတ်ပြည့်ယူနိုင်ဖို့ဖြစ်နေ တယ်။ ရှက်တာဒိုးနက်ကိုကြိုက်တယ်။

 

■ လိုက်ပ်ဇစ် နှင့် မိုနာက (ကြာသပတေးနံနက် ၁း၁၅)

လိုက်ပ်ဇစ်အသင်းက ပြီးခဲ့တဲ့ ရာသီကခြေစွမ်းပြခဲ့တာ ဟာ ခဏတာတောက်ပမှုမဟုတ်ဘူးဆိုတာ သက်သေပြရ လိမ့်မယ်။ အဓိက ကစားသမားတချို့ကိုလည်း ဆက်ထိန်းထား နိုင်ခဲ့တာ တွေ့ရတယ်။ မိုနာကိုက ပိုကောင်းတဲ့အသင်းဆိုပေ မယ့် လိုက်ပ်ဇစ်အိမ်ကွင်းမှာ အကောင်းဆုံးတုံ့ပြန်လိမ့်မယ်။ လိုက်ပ်ဇစ်ပဲ ကြိုက်ပါတယ်။

 

■ ပေါ်တို နှင့် ဘက်ဆစ်တက (ကြာသပတေးနံနက် ၁း၁၅)

ဘက်ဆစ်တက်က လျှော့တွက်လို့မရတဲ့အသင်းပါ။ ဒါပေမဲ့ ပေါ်တိုက ပိုပြီး မာကျောသလို စိတ်ချရပါတယ်။ အုပ်စု အဆင့်တွေမှာလည်း အမှားနည်းတဲ့အသင်းဖြစ်ပါတယ်။ အင် အားမျှတဲ့အသင်း (၄)သင်းပါဝင်တဲ့အုပ်စုမှာ အိမ်ကွင်းပွဲစဉ် တွေကအရေးပါ ပါတယ်။ ပေါ်တိုအိမ်ကွင်းမှာ အနိုင်သေချာပါ တယ်။

 

■ ရီးယဲလ်မက်ဒရစ် နှင့် အပိုးလ်နီကိုးရှား (ကြာသပတေးနံနက် ၁း၁၅)

လာလီဂါမှာ ရလဒ်တွေ ချော်နေတဲ့ ရီးယဲလ်မက်ဒရစ်အတွက်တော့ ပေါက်ကွဲမယ့်ပွဲတစ်ပွဲပါ။ စီရော်နယ်လ်ဒိုမပါလို့ အား နည်းနေတဲ့အသင်းကို သူနဲ့အတူ ပြန်လည်ခံစားရပါလိမ့်မယ်။ အားအင်အပြည့်နဲ့ လန်းဆန်းနေတဲ့ စီရော်နယ်လ်ဒိုဆီက ထူးထူး ခြားခြားတွေမြင်ရမယ်လည်းထင်ပါတယ်။ ရီးယဲလ် ဂိုးပြတ်မယ်။

 

■ စပါး နှင့် ဒေါ့မွန် (ကြာသပတေးနံနက် ၁း၁၅)

အိမ်ရှင်စပါးအသင်းက ပြီးခဲ့တဲ့ (၃)ရာသီကို ပြန်ကြည့်ရင် အမှတ်ပေးပွဲတွေမှာ အကောင်းဆုံးပုံစံ ပြသနေတာကို တွေ့ရတယ်။ဒါပေမဲ့ ပြည်တွင်းလိဂ်ပြိုင်ပွဲက ခြေစွမ်းမျိုးကို ချန်ပီယံလိဂ်မှာ တွေ့ရလေ့မရှိဘူး။ ချန်ပီယံလိဂ်ဆိုရင် စပါးအ သင်းက ခြေလည်းမကောင်းဘူး။ ကံလည်း မကောင်းဘူးဆိုတာမျိုးကိုတွေ့ရတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အတွေ့အကြုံ များနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အမှားတွေကို စပါးအသင်း သင်ခန်းစာယူနိုင်လောက်ပြီလို့ ယူဆရပါတယ်။ ဒီပွဲကို ဂိုးတွေ အပြန်အလှန်သွင်းမယ့် ပွဲတစ်ပွဲလို့ မျှော်လင့်တယ်။ ဒီပွဲကို ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာလိမ့်မယ်လို့ လည်း မျှော်လင့်ပါတယ်။ ပရိသတ်တွေကို စိတ်လှုပ်ရှားစေမယ့် ပွဲတစ်ပွဲဖြစ်ပြီး အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ မြန်နှုန်း မြင့် ပွဲတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။ အိမ်ရှင်ဖြစ်တဲ့ စပါးအသင်းဟာ ဒီပွဲမှာ ဂိုးတွေသွင်းနိုင်သင့်သလို၊ ဒေါ့မွန်အသင်းရဲ့ အားကောင်းပြီး စနစ်ကျတဲ့တိုက်စစ်ကိုလည်း စပါးခံစစ်က ထိန်းချုပ်နိုင်ဖို့အတွက် အခက်အခဲတွေရှိပါလိမ့်မယ်။ နှစ်သင်းစ လုံးက ထိပ်တန်းအသင်းကြီးတွေရဲ့ဟန်မျိုးနဲ့ ကစားနေကြတဲ့အသင်းတွေမဟုတ်ဘဲ တိုက်စစ်စိတ်ဓာတ်ကို အားပြုကစားကြ တဲ့အသင်းတွေပါ။ ဟာရီကိန်းနဲ့ အူဘာမီယန်းတို့ရဲ့ အားပြိုင်မှုကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ အနေအထားဖြစ်လာပါ လိမ့်မယ်။ ဒေါ့မွန်အသင်းက ခြေစွမ်းရော၊ အတွေ့အကြုံပါ အားသာပေမယ့် စပါးသာ ပုံမှန်ခြေစွမ်းပြနိုင်ရင်ကောင်းကောင်း ယှဉ်နိုင်မယ့်အနေအထားရှိပါတယ်။ အိမ်ကွင်းလည်းဖြစ်နေလို့ (၂-၂)ဂိုးနဲ့ သရေလောက်ဖြစ်သွားနိုင်တယ်။

ပွဲကြိုအချက်အလက်များ

■ စပါးအသင်းနှင့် ဒေါ့မွန်အသင်းတို့သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခြင်းဖြစ်သည်။
■ စပါးအသင်းသည် (၂၁)ရာစုအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို (၃)ကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။
■ ဒေါ့မွန်အသင်းသည် ချန်ပီယံလိဂ် နောက်ဆုံး (၁၂)ပွဲတွင် (၁၀)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၃)ဂိုးနှင့်အထက်တွင်ရှိခဲ့သည်။
■ ဒေါ့မွန်အသင်းသည် ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး (၁၀)ပွဲတွင် (၅)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး (၇)ပွဲအထိ ပေးဂိုးများ ပေးခဲ့ရသည်။