<

ယနေ့ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စတုတ်စီးတီး – မန်စီးတီး (၁၃-၃-၂၀၁၈ နံနက် ၂း၃၀)

မန်စီးတီးမှာ ဖာနန်ဒင်ဟိုလွဲချော်နေဦးမှာဖြစ်သလို၊ စတာလင်ကလည်း မသေချာဘူး။ ဒါပေမဲ့ ဂွန်ဒိုဂန်က ဖာနန်ဒင်ဟို နေရာမှာ ကွဲပြားတဲ့ ကစားဟန်နဲ့ ပိုကောင်းအောင် ကူညီပေးနေသ လို ဘာနာဒိုဆေးလ်ဗားကလည်း စတာလင်နေရာအတွက် လွမ်းနေစရာမရှိတဲ့ ပုံစံဖြစ်နေပြီ။ မန်စီးတီးက တိုက်စစ်ပိုင်းမှာ အဂွဲရိုး၊ ဆာနေး၊ ဂျေးဆူတို့နဲ့ လူပြန်စုံနေပြီဖြစ်ပြီး အရေးကြီး တဲ့အချိန်မှာ အတောင့်တင်းဆုံးပုံစံကို ပြသနေတာတွေ့ရတယ်။ အဓိက ကစားသမားတွေရော၊ အရန်ကစားသမားတွေပါ ခြေ စွမ်းပြနေကြပြီး အိမ်ကွင်း၊ အဝေးကွင်းမရွေး တည်ငြိမ်တဲ့ပုံစံကိုလည်း ပြသနိုင်တယ်။ စတုတ်စီးတီးကတော့ တန်းဆင်းဇုန် အန္တရာယ်ရှိနေတဲ့အတွက် ရုန်းကန်ရမယ့်ပွဲဖြစ်နေတယ်။ ဒါပေမဲ့ မရှုံးဖို့က အဓိက ဦးစားပေးဖြစ်သလို Game Plan ကလည်း ခံစစ်မှာ စုပြံပြီး အမြင့်ဘောတွေနဲ့ ပြန်ခြိမ်းခြောက်မယ့် အနေအထားရှိတယ်။ အကောင်အထည်ဖော်နိုင်ရင်တော့ မန်စီးတီး အတွက် အခက်အခဲတချို့ရှိလိမ့်မယ်။ ကွန်ပနီမကစားဘဲ အော်တာမန်ဒီနဲ့ လာပေါ့တ်တို့သာ ကစားခဲ့မယ်ဆိုရင် မန်စီးတီးခံစစ် မှာ ပြဿနာပေါ် နိုင်တယ်။ ဒီပွဲမှာ စတုတ်စီးတီး ဂိုးရဖို့ရှိပါတယ်။ (၁-၁)ဖြစ်သွားနိုင်သလို၊ မန်စီးတီး ကပ်နိုင်တာမျိုးလည်းဖြစ် သွားနိုင်တယ်။

အလာဗတ်စ် – ဘက်တစ် (၁၃-၃-၂၀၁၈ နံနက် ၂း၃၀)

အဝေးကွင်းတွေမှာသာ ရှုံးပွဲတွေ့ရင်တွေ့မယ်၊ နည်းပြ အဘယ်လာနိုလက်ထဲမှာ အလာဗတ်စ်အိမ်ကွင်းမှာ အတိမ်း အစောင်းမရှိပါဘူး။ အလာဗတ်စ်ရဲ့အိမ်ကွင်းအားကို ဘက်တစ် တောင့်ခံနိုင်ဖို့ မရှိဘူး။ အိမ်ရှင်နဲ့ ဂိုးအနည်းပဲကောင်းမယ်။

ဝါဒါဘရီမင် – ကိုလုံး (၁၃-၃-၂၀၁၈ နံနက် ၂း၀၀)

ဝါဒါဘရီမင်အသင်း ရလဒ်တွေကောင်းနေပေမယ့် တန်း ဆင်းဇုန်ကနေ အလုံးစုံလွတ်မြောက်ရေးအတွက် အတော်ရုန်း ကန်ရဦးမယ်။ ဒါကြောင့် ၀ါဒါဘရီမင်အနေနဲ့ ဒီလိုပွဲမျိုးမှာ အ မှတ်ပြည့်ယူထားနိုင်ဖို့ အရေးကြီးနေတယ်။ ကိုလုံးကတော့ ကြိုး စားအားရှိပေမယ့် ရလဒ်က မျှော်လင့်သလောက် တက်မလာ ဘူး။ ၀ါဒါဘရီမင်ကိုယုံကြည်တာ ပိုကောင်းမယ်။

March 12, 2018














Copy Protected by Chetan's WP-Copyprotect.