၂၀၁၅ ခုနှစ်မှ ၂၀၁၈ မတ်လအထိ လူကုန်ကူးခံရသူ ၁၅၂၇ ဦးအား ပြန်လည်ခေါ်ယူနိုင်ခဲ့

၂၀၁၅ ခုနှစ်မှ ၂၀၁၈ မတ်လအထိ လူကုန်ကူးခံရသူ ၁၅၂၇ ဦးအား ပြန်လည်ခေါ်ယူနိုင်ခဲ့
Published 30 April 2018

၂၀၁၅ ခုနှစ်မှ ၂၀၁၈ မတ်လအထိ လူကုန်ကူးခံရသူ ၁၅၂၇ ဦးအား ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“၂၀၁၅ ခုနှစ်ကနေပြီးတော့ ၂၀၁၈ ခုနှစ် မတ်လအထိ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကနေ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား စုစုပေါင်း ၁၅၂၇ ဦးကို ပြန်လည်ခေါ်ယူနိုင်ခဲ့တဲ့အပြင် ပြည်တွင်းလူကုန်ကူးခံရသူ ၅၈ ဦးကိုလည်း မိဘရပ်ထံ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သည် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းဖြင့် လူကုန်ကူးမှုများ လျော့နည်းပပျောက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နေဆဲကာလများအတွင်း လူကုန်ကူးမှုများ ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် လူကုန်ကူးခံရသူများအတွက် စောင့်ရှောက်ခြင်းကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူကုန်ကူးခြင်းအား ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်အတွင်း ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးနောက် ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့သုံးဖွဲ့ ဖွဲ့စည်းခဲ့သည့်အနက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပြည်တွင်း၌ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို လိင်ပိုင်းဆိုင်ရာလုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများတွင် လူကုန်ကူးခံနေရကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး မူဝါဒချမှတ်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent