ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်မံကွယ်လွန်သွားသဖြင့် လစ်လပ်သည့်မဲဆန္ဒနယ် ၁၃ နေရာအထိ ရှိလာ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်မံကွယ်လွန်သွားသဖြင့် လစ်လပ်သည့်မဲဆန္ဒနယ် ၁၃ နေရာအထိ ရှိလာ
Published 29 April 2018

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ထပ်မံကွယ်လွန်သွားသဖြင့် လစ်လပ်သည့်မဲဆန္ဒနယ် ၁၃ နေရာအထိ ရှိလာကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သန်းသည် ဧပြီ ၂၇ ရက်တွင် ကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့လွှတ်တော်၌ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်၌ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) တို့တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက်ရှိသည်။

ပြည်နယ်လွှတ်တော်၌ ချင်းပြည်နယ် မတူပီမဲဆန္ဒနယ် (၁)၊ ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ် (၂)၊ တိုင်းဒေသကြီးလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ် (၂)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ် (၁)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမဲဆန္ဒနယ် (၂)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျဉ်းမဲဆန္ဒနယ် (၁) နှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့မှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ် (၁၂) နေရာရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ၂၀၁၈ ခုနှစ်အတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ စတင်ပြုစုလျက်ရှိသည်။

Most Read

Most Recent