၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Published 7 March 2018

နိုင်ငံတော်သမ္မတ၊ အစိုးရတာဝန်ရှိသူများနှင့် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သူများအား တွေ့ရစဉ်

၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ aပးအပ်ချီးမြှင့်သည့် အခမ်းအနားကို မတ် ၆ ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ပြီး ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ယခုကြွရောက်လာကြသူများသည် နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ တာဝန်သိစွာဖြင့်၊ တာဝန်ကျေစွာဖြင့် ဝိုင်းဝန်းပံ့ပိုးနေကြသူများအဖြစ် သတ်မှတ်ထားသည့်အတွက် ယခုကဲ့သို့တွေ့ဆုံရခြင်းသည် အထူးမင်္ဂလာရှိပါကြောင်း၊ မိမိအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ၁၀ ဦးစီကိုသာ ကန့်သတ်၍ ဖိတ်ခေါ်ရပါကြောင်း၊ အမှန်တကယ် ကျေကျေပွန်ပွန် အခွန်ထမ်းဆောင်နေကြသည့် ကျန်ရှိသောပုဂ္ဂိုလ်များကို မိမိအနေဖြင့် လျစ်လျူရှုသည့်သဘောမရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်သာ ယခုကဲ့သို့ကန့်သတ်၍ ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို မတက်ရောက်လာနိုင်သူများနှင့် မိမိဖိတ်ကြားခြင်းမပြုနိုင်ခဲ့သည့် ပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်စကားပြောကြားလိုပါကြောင်း၊ အခွန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခုအချိန်အခါ၌ များစွာနိုးကြားလာကြပြီဖြစ်ပါကြောင်း၊ အခွန်ထမ်းဆောင်ခြင်းသည် နိုင်ငံသူနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းရှင်များသည် ပြည်ပနှင့် ထိတွေ့ဆက်ဆံနေသူများဖြစ်ကြ၍ အခွန်ထမ်းဆောင်ခြင်း အလေ့အထနှင့် တာဝန်ကိုပိုမိုသိရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အဆိုပါအလေ့အကျင့်၊ အဆိုပါယဉ်ကျေးမှုသည် အားနည်းနေပါကြောင်း၊ ထို့ကြောင့် အခွန်ထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များကို ကျေးဇူးတင်ပါကြောင်း၊ အခွန်သည် လူတိုင်း၏တာဝန်ဖြစ်ပါကြောင်း၊ တာဝန်ကိုမသိ၍ မလုပ်သည့်သူများရှိကြောင်း၊ သိရှိပြီး မသိကျိုးကျွန်ပြုနေသူများလည်း ရှိပါကြောင်းသိရှိပြီး အထိုက်အလျောက် အခွန်တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များလည်းရှိပါကြောင်း၊ အပြည့်အ၀ အခွန်တာဝန်ထမ်းဆောင်သည့် ပုဂ္ဂိုလ်များလည်းရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့ကြသည့် ကမ္ဘောဇဘဏ်လီမိတက်၊ Diamond Star Co., Ltd၊ Myawaddy Bank Ltd၊ Shwe Taung Development Co.,Ltd၊ Myanmar Economic Holding Limited၊ Myawaddy Trading Ltd၊ PT Power Trading Co., Ltd၊ Thilawa Special Economic Zone Management Committee၊ Jing Hpaw Aung Jade & Jewellery Co.,Ltd၊ Myanmar Awba Group တို့မှတာဝန်ရှိသူများ၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်ခဲ့ကြသူများဖြစ်ကြသည့် Dagon Beverages Co., Ltd၊ Myawaddy Trading Ltd၊ Denko Trading Co., Ltd၊ PT Power Trading Co., Ltd၊ Shwe Byain Phyu Co., Ltd၊ International Beverages Trading Co., Ltd၊ Asia Energy Co., Ltd၊ Royal Myawaddy Distillery Group၊ City Mart Holding Co., Ltd နှင့် Regency Material Trading Co., Ltd တို့မှတာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

Most Read

Most Recent