၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ခြောက်လ အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ဝန်ကြီးဌာနများက တင်ပြထားသည့် လုပ်ငန်းစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုများအတွက် တောင်းခံထားမှုများအနက် ကျပ် ၁၀၄၈၆၃ ဒသမ ၃၅၈ သန်းကိုဖြတ်တောက်ပြီး ပြည်ထောင်စုလွှတ်တော် အတည်ပြု

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ခြောက်လ အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ဝန်ကြီးဌာနများက တင်ပြထားသည့် လုပ်ငန်းစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုများအတွက် တောင်းခံထားမှုများအနက် ကျပ် ၁၀၄၈၆၃ ဒသမ ၃၅၈ သန်းကိုဖြတ်တောက်ပြီး ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 1 March 2018

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ခြောက်လ အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ဝန်ကြီးဌာနများက တင်ပြထားသည့် လုပ်ငန်းစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှု လျာထားချက်များအပေါ် ကျပ် ၁၀၄၈၆၃ ဒသမ ၃၅၈ သန်းကို ဖြတ်တောက်လျှော့ချကာ ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၂၈ ရက်တွင် အတည်ပြုခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအတွက် ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များအတွက် တောင်းခံထားသည့် ကျပ်သန်း ၃၁ ဒသမ ၆၂၃ အား ကျပ်သန်း ၁ ဒသမ ၄၀၀ လျှော့၍ခွင့်ပြုခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော်ရုံးမှ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များအတွက် တောင်းခံထားသည့် ကျပ် ၄၁ ဒသမ ၁၁၂ သန်းအား ကျပ် ၆ ဒသမ ၂၆၄ သန်းလျှော့ချခြင်း၊ အမျိုးသားလွှတ်တော်ရုံးမှ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့်ယာဉ်များအတွက် တောင်းခံထားသည့် ကျပ်သန်း ၄၁ ဒသမ ၅၂၀ မှ ကျပ်သန်း ၁ ဒသမ ၈၀၀ လျှော့ကာ အတည်ပြုခဲ့သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ လုပ်ငန်းသစ်ခြောက်ခုအတွက် တောင်းခံထားသည့် ကျပ် ၁၄၄၄ ဒသမ ၀၉၈ သန်းအား ကျပ်သန်း ၁၂၉၉ ဒသမ ၆၈၈ လျှော့ချခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ရုံးသုံးစက်ကိရိယာ၊ ပရိဘောဂများနှင့် ယာဉ်များအတွက် ကျပ် ၃၄ ဒသမ ၀၀၉ သန်းအား ကျပ်သန်း ၂ ဒသမ ၁၉၇ လျှော့ချခဲ့သည့်အပြင် လုပ်ငန်း ၁၈ ခုအတွက် တောင်းခံထားမှုများအနက် ကျပ် ၄၂၀ ဒသမ ၈၅၄ သန်းလျှော့ချကာ ခွင့်ပြုခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လုပ်ငန်း ၅၂ ခုအတွက် တောင်းခံထားမှုများအနက် ကျပ် ၁၉၉၉၀ ဒသမ ၈၅၃ သန်းလျှော့ကာ ခွင့်ပြုခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လုပ်ငန်း ၂၉ ခုအတွက် ကျပ် ၂၄၃၆ ဒသမ ၃၂၁ သန်းလျှော့ကာခွင့်ပြုခဲ့ကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဆောင်ရွက်ဆဲလုပ်ငန်းတစ်ခုအတွက် တောင်းခံထားသည့်ကျပ် ၁၀၃၄ ဒသမ ၈၇၅ သန်းအနက် ကျပ် ၃၂၈ ဒသမ ၀၉၈ သန်းလျှော့ချခွင့်ပြုခဲ့ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လုပ်ငန်းပေါင်း ၄၁ ခုအတွက် တောင်းခံထားမှုများမှ ကျပ် ၂၆၉၆ ဒသမ ၄၆၈ သန်းလျှော့ချခဲ့ကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များအတွက် တောင်းခံထားသည့် ကျပ်သန်း ၂၄၂ ဒသမ ၈၃၇ အား ကျပ်၇ ဒသမ ၉၆၀ သန်းလျှော့ချခဲ့သည့်အပြင် လုပ်ငန်း ၁၄ ခုမှ ကျပ် ၇၅၈ ဒသမ ၃၇၄ သန်းလျှော့ချ ခွင့်ပြုခဲ့ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ လုပ်ငန်း ၂၇ အတွက် တောင်းခံထားမှုများအနက် ကျပ် ၁၁၈၇ ဒသမ ၉၄၂ သန်းလျှော့ချခွင့်ပြုခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများအတွက် တောင်းခံထားသည့် ကျပ် ၆၁၆၃ ဒသမ ၃၅၆ သန်းအား ကျပ်၂၆၇ ဒသမ ၉၃၃ သန်းလျှော့ချခဲ့သည့်အပြင် လုပ်ငန်း ၃၃ ခုအတွက် ကျပ် ၅၁၇၄ ဒသမ ၁၆၉ သန်း လျှော့ချခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တောင်းခံထားသည့် လုပ်ငန်း ၈၃ ခုမှ ကျပ် ၁၀၇၅၄ ဒသမ ၇၉၃ သန်းလျှော့ချခွင့်ပြုခဲ့ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များအတွက် တောင်းခံထားသည့် ကျပ်သန်း ၅၁ ဒသမ ၄၇၀ မှ ကျပ်သန်း ၂၆ ဒသမ ၄၀၀ လျှော့ချခဲ့သည့်အပြင် လုပ်ငန်း ၃၅ ခုမှ ကျပ်၂၀၁၅ ဒသမ ၅၀၂ သန်းလျှော့ချခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များအတွက် တောင်းခံထားသည့် ကျပ် ၄ ဒသမ ၇၈၃ သန်းမှ ကျပ် ၂ ဒသမ ၂၁၂ သန်းလျှော့ချခွင့်ပြုခဲ့သည့်အပြင် လုပ်ငန်းပေါင်း ၂၀ ခုမှ ကျပ် ၁၉၄၉၀ ဒသမ ၉၂၃ သန်းလျှော့ချခွင့်ပြုခဲ့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လုပ်ငန်း ၈၇ ခုမှ ကျပ် ၄၆၂၀ ဒသမ ၈၅၉ သန်း လျှော့ချခွင့်ပြုခဲ့ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များအတွက် တောင်းခံထားသည့် ကျပ် ၁၉ ဒသမ ၇၀၀ သန်းမှ ကျပ် ၃ ဒသမ ၉၀၀ သန်းစသည်ဖြင့် လျှော့ချခွင့်ပြုခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent