အုပ်စုတစ်စုအတွက် ပြောခြင်း၊ ဆိုခြင်း၊ လုပ်ခြင်းမျိုး မဖြစ်စေရန် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောကြား

အုပ်စုတစ်စုအတွက် ပြောခြင်း၊ ဆိုခြင်း၊ လုပ်ခြင်းမျိုး မဖြစ်စေရန် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောကြား
Published 4 February 2018

အုပ်စုတစ်စုအတွက် ပြောခြင်း၊ ဆိုခြင်း၊ လုပ်ခြင်းမျိုး မဖြစ်စေရန် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး အဖွဲ့ ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ဖေဖော်ဝါရီ ၃ ရက်က ကျင်းပသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး၊ အဋ္ဌမအကြိမ်တိုင်း၊ ခရိုင်မြို့နယ် စုံညီတွေ့ဆုံပွဲတွင် ဦးဉာဏ်ဝင်းက အဖွင့်အမှာစကားပြော ကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒီမိုကရေစီတည်ဆောက်ရာတွင် အခြေ ခံအားဖြင့် အားလုံးသည် ပွင့်ပွင့်လင်းလင်းနှင့် ထိတွေ့ဆက်ဆံမှုက အဓိကဖြစ်ကြောင်း၊ မိမိတို့ ပါတီဗဟိုကပဲဖြစ်ဖြစ်၊ ပါတီ၏ ဖွဲ့စည်း လိုက်သည့် အစိုးရကပဲဖြစ်ဖြစ် အဆင့်ဆင့် သော အဖွဲ့အစည်းများနှင့် ထိ တွေ့ဆက်ဆံရန် အရေးကြီးကြောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံရန်လိုကြောင်း၊ ထိုသို့ထိတွေ့ဆက်ဆံ မှသာ လိုချင်သည့် ဒီမိုကရေစီပန်းတိုင်ကို ချီ တက်နိုင်မည်ဖြစ်ကြောင်း၊ လိုအပ်ချက်များ၊ ဖြည့်တင်းရမည့်အချက်များကို တိုက်ရိုက်သိရှိ နိုင်မည်ဖြစ်ကြောင်း ဦးÓဏ်ဝင်းက ဆိုသည်။

“ဒီနေ့ကျင်းပတဲ့ပွဲမှာ ကျွန်တော်တို့ ည နေပိုင်းကျရင်တော့ ဆွေးနွေးတာတွေ အများ ကြီးကြားရမှာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဝေဖန်ပါ။ ကျွန်တော်တို့ အဖွဲ့အစည်းက အုပ် စုတစ်စုအတွက် ပြောတာ၊ ဆိုတာ၊ လုပ်တာမျိုး တော့မဖြစ်စေဖို့ အရေးကြီးပါတယ်။ ကျွန်တော် တို့က ဒီမိုကရေစီလိုချင်တဲ့အတွက် ဒီမိုကရေ စီနည်းကျထိတွေ့ဆက်ဆံမှုကနေ အကျိုးအ မြတ်တွေရအောင် ကြိုးစားဆောင်ရွက်ကြဖို့ ကျွန်တော်တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး အဖွဲ့ဝင်ဦးဟံသာမြင့်က အမှာစကားပြော ကြားရာတွင် “ကျွန်တော်တို့ရဲ့ တကယ့်ရည် မှန်းချက်က ဘာလဲဆိုရင် အာဏာကိုအကြွင်းမရှိ သိမ်းတာကို တွန်းဖျက်ဖို့ဆိုတာ ကျွန်တော်တို့ အစကတည်းကလည်း လိုသေးတယ်။ အခုလည်း လိုဦးမှာပဲ။ ဒီအတွက် ဒီအပေါ်မှာ အခြေခံပြီးတော့ တစ်ဦးနဲ့တစ်ဦးပြန်လည် ထိန်းချုပ်ဖို့ဆိုတာ ရှိဖို့လည်းလိုအပ်တယ်။ ဒီလိုရှိမှလည်း ဒီမိုကရေစီဆိုတာက ရှင်သန် မှာဖြစ်ပါတယ”ဟု ပြောကြားသည်။

“ဝေဖန်တာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်ကိုယ် ပြန်ကြည့်ဖို့လည်း အရေး ကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့ နေရာမှာ ကိုယ်ဟာ မှန်ထောင်ပြီးတော့ ကြည့် လို့ရတာမဟုတ်ဘူး။ အဲဒီတော့ ဒီလုပ်ကိုင်နေ တဲ့အချိန်မှာ အဓိကကတော့ ဒီမိုကရေစီနိုင်ငံ တွေမှာ အဓိကကတော့ ကိုယ့်ကို မှန်ထောင် ပြီးတော့ ပြနေတာကတော့ အခုပြောနေတဲ့ စာနယ်ဇင်း၊ မီဒီယာဆိုတာ သူတို့အထဲမှာ ပါတာတွေဟာ ကိုယ်မကြိုက်တာတွေလည်း ရှိချင်ရှိမယ်။ မပါဘူးလို့ ထင်တဲ့ဟာတွေလည်း ရှိချင်ရှိမယ်။ တကယ်ဟုတ်ချင်မှလည်း ဟုတ် မယ်။ မှားချင်လည်း မှားမယ်။ သို့သော်လည်းပဲ ဒီမှန်တွေကိုယ်တိုင်ကလည်းပဲ ကြေးမုံအသစ် တွေပေါ့ဗျာ။ နောက်သူတို့အနေနဲ့က တကယ့် စင်းလုံးချော ကြေးမုံတွေဖြစ်ချင်မှဖြစ်မယ်။ မဖြစ်သော်လည်းပဲ ကျွန်တော်တို့အနေ နဲ့ကတော့ ဒီကြေးမုံတွေကို ကြည့်လိုက်ရင် ကိုယ့်ကို ရေးရေးတော့မြင်ရမှာပ” ဟု ဦးဟံသာမြင့်က ဆက်လက်ပြောကြားသည်။

မီဒီယာများ၏ ရေးသားဖော်ပြမှုများနှင့် ပတ်သက်၍ ပယ်ချရန်ထက် ဂရုစိုက်ရန် လိုအပ်ကြောင်း၊ မိမိတို့ ဘာဖြစ်နေပြီလဲ ဆိုသည်ကို ပြန်ကြည့်ရန် အရေးကြီးဆုံးဖြစ်နေပြီ ဖြစ်ကြောင်း ဦးဟံသာမြင့်က ပြောကြားသည်။

Most Read

Most Recent