တရုတ်နယ်စပ်ရှိ ကေအိုင်အေ ရှေ့တန်းစခန်းကြီးများကို တပ်မတော်က သိမ်းပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ နယ်စပ် စစ်ရှောင်စခန်းနှစ်ခုမှ လူ ၃၀၀၀ ခန့် တရုတ်နိုင်ငံဘက် ထွက်ပြေး

တရုတ်နယ်စပ်ရှိ ကေအိုင်အေ ရှေ့တန်းစခန်းကြီးများကို တပ်မတော်က သိမ်းပိုက်ပြီးနောက် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် နယ်စပ်ရှိ စစ်ရှောင်စခန်းနှစ်ခုမှ လူ ၃၀၀၀ ခန့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးနေကြောင်း သိတင်းရရှိသည်။

တပ်မတော်က ကေအိုင်အေ ဂီဒွန်စခန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်၊ လိုင်ဖောင်းစခန်းကို ဒီဇင်ဘာ ၂၇ ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီး ယင်းဝန်းကျင်မှ ကေအိုင်အေ စခန်းငယ်များကို တပ်မတော်က ဆက်လက် သိမ်းပိုက်ရာတွင် စစ်ရှောင်စခန်း ၀န်းကျင်သို့ ရောက်သွားပြီး ဇိုင်းအောင်နှင့် မဂတ်ယန် စခန်းများအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ရှောင်စခန်းနှင့် သက်ဆိုင်သူများက ပြောကြားကြသည်။

ဇိုင်းအောင် (ခ) လမုန်ဇွပ် ဒုက္ခသည်စခန်းနှင့် မဂတ်ယန်စခန်းများမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်က ကူညီထောက်ပံနေသည့် စခန်းများဖြစ်ပြီး လူဦးရေ ၇၀၀၀ ကျော်ရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် KBC ကဆိုသည်။ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာခလမ်ဆန်ဆွမ်က “အခုပစ်ခတ်မှုတွေက ငါးဂျန်လို့ခေါ်တဲ့ ကေအိုင်အေတပ်ရင်း (၃) မှာဖြစ်တာ။ ဇိုင်အောင် စစ်ရှောင်စခန်းနဲ့ လိုင်ဖောင်းတပ်ရင်းကြားက နေရာပေါ့။ စခန်းကနေသွားရင် နာရီဝက်လောက်ပဲ ဝေးတော့တယ်။ တပ်မတော်ဘက်က တဖြည်းဖြည်း နီးလာတော့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတယ်။ ပထမတော့ တရုတ်နိုင်ငံဘက်က လက်မခံဘူး။ အခုတော့ အစုအဖွဲ့အလိုက် ပြေးကြရတယ်။ ကေအိုင်အိုဗဟိုကလည်း တရုတ်အစိုးရဘက်ကိုအကြောင်း ကြားတယ်ဆိုတော့ တရုတ်ဘက်ကို တချို့ရောက်သွားပြီလို့ သိရတယ်။ ဇိုင်းအောင်စခန်းကတော့ အားလုံးရောက်သွားပြီ။ မဂတ်ယန်စခန်းကတော့ မရောက်လောက်သေးဘူး။ ပြေးတာက မနေ့ကညနေပိုင်းကတည်း ကပြေးကြတာ။ စခန်းနှစ်ခုပေါင်းရင် လူဦးရေ ၇၀၀၀ ကျော်တယ်။ စခန်းနှစ်ခုလုံးက KBC ကကူညီနေတာ။ စားနပ်ရိက္ခာအပါအ၀င် အားလုံးလောက်နီးပါး လုံလောက်မှုတော့ မရှိနိုင်ဘူး။ ကောင်းကောင်း ကူညီလို့မရဘူး။ တပ်ဘက် တားမြစ်တာတွေ ရှိနေတယ်။ အဲဒီနေရာမှာနေတဲ့ လူအများစုက မှတ်ပုံတင်လည်း မရှိကြဘူး။ ကျွန်တော်ရောက်သွားတော့ စားစရာ မလုံလောက်မှုနှင့် လုံခြုံမှုမရှိတာတွေကို ကျွန်တော်တို့ကို ပြောပါတယ်။ အဲဒီဘက်စခန်းတွေက ပြန်ခဲ့တာ ငါးရက်လောက်ရှိပြီ” ဟု ဇန်န၀ါရီ ၁၁ ရက်က ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့သည် တရုတ်-မြန်မာ နယ်စပ် အင်ခရမ်းတောင်ကြောပေါ်တွင် လေးလကျော်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ကေအိုင်အေ၏ ရှေ့တန်းစခန်းကြီးများဖြစ်သည့် ဂီဒွန်ပို့စ်နှင့် လိုင်ဖောင်းပို့စ်များကို တိုက်ခိုက်သိမ်းယူခဲ့သည်။

ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးမှ ဗိုလ်မှူးကြီးနော်လီက အများစုပစ်ခတ်မှုမှာ အင်းခရမ်းတောင်ကြောရှိ လိုင်ဖောင်းကျင်တွင်ဖြစ်ပြီး တိုက်ခိုက်မှုများနှင့် ရက်ဆက်နီးပါး တွေ့နေရကြောင်း၊ တခြားသောနေရာများတွင်လည်း စစ်ရေးလှုပ်ရှားမှုအလိုက် အနည်းအကျဉ်း ပစ်ခတ်မှုများရှိနေကြောင်း၊ ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်ခံမှုများ ရှိနေသော်လည်း ယခုအချိန်အထိ ကေအိုင်အေအနေဖြင့် ခုခံစစ်အဖြစ်သာ ဆက်လက်ရှိနေကြောင်း ဗဟို၏ဆုံးဖြတ်ချက်များကို မိမိတို့အနေဖြင့် မသိရသေးကြောင်း ပြောကြားသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။ ၂၀၁၆ ခုနှစ်အတွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲကာလမှ အစိုးရသစ် တင်မြှောက်ပြီးသည်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိပေ။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲပြီးနောက်ပိုင်း ပထမဆုံး နန်ဆန်ယန်ဒေသတွင် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိခဲ့သည်။ မေလပိုင်းတွင် ဖားကန့်ဒေသနှင့် မန်စီဒေသတို့တွင် စစ်ရေးတင်းမာမှု စတင်ဖြစ်ပေါ်ခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သစ်မှောင်ခိုကိစ္စ၊ လူဖမ်းဆီးမှုနှင့် ဆက်ကြေးငွေတောင်းခံမှုနှင့် မိုင်းခွဲမှုများကြောင့် နယ်မြေရှင်းလင်းရေးကို တပ်မတော်က ဆောင်ရွက်စဉ် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့နှင့် ထိတွေ့ရခြင်းဖြစ်ပြီး ကေအိုင်အိုဘက်မှ ၎င်းတို့၏နယ်မြေအတွင်း တပ်မတော်မှ နယ်ကျော်ဝင်ရောက်ခြင်းကြောင့်သာ ပစ်ခတ်မှုများဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ဇူလိုင် ၂၈ ရက်တွင် ဖားကန့်၊ တနိုင်းမြို့ပေါ်ရှိ ရှဒူဇွပ်ရွှေမော် ၀န်းကျင်တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လူထောင်ချီထွက်ပြေးခဲ့ရသည်။

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1230 of /var/www/html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT expire, value FROM {semaphore} WHERE name = :name; Array ( [:name] => s3fs:uri:public://css/css_lQaZfjVpwP_oGNqdtWCSpJT1EMqXdMiU84ekLLxQnc4.css ) in lock_may_be_available() (line 167 of /var/www/html/includes/lock.inc).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 38891631458828afda5f3d0.84602808 ) in lock_release_all() (line 269 of /var/www/html/includes/lock.inc).