ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း
Published 9 December 2017

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၉၈/၂ဝ၁၇ အရ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ကို အောက်ပါ ပြည်တွင်း/ပြည်ပ ပညာရှင်များ (၁၀)ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရပါသည်။

ထုတ်ပြန်ချက် အပြည့်အစုံမှာ -

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၉၈/၂ဝ၁၇

၁၃၇၉ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်

(၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်

--------------------------------------------------------------------------

ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်း

-----------------------------------------------------------

၁။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို ဤရုံး၏ ၁၂-၉-၂ဝ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၇၅/ ၂ဝ၁၇ ဖြင့် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးပြီးဖြစ်ပါသည်။

၂။ ယင်းအမိန့်ကြော်ငြာစာတွင် ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်များ၏ အကြံ ပြုချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြေပြင် အခြေအနေအပေါ် မူတည်၍ အကျိုးရှိစွာ ထိထိရောက်ရောက်ဖော်ဆောင်နိုင်ရေး အတွက် လိုအပ်သော အကြံဉာဏ်များကို ရယူနိုင်ရန် အကြံပေးအဖွဲ့ကို ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများ နှင့် ဖွဲ့စည်းရမည်ဟု ဖော်ပြခဲ့ပါသည်။

၃။ အထက်အပိုဒ်(၂)ပါအတိုင်း လိုအပ်သည့် အကြံÓဏ်များ ရယူနိုင်စေရန် အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ကို အောက်ပါ ပြည်တွင်း/ပြည်ပ ပညာရှင်များဖြင့် ဖွဲ့စည်းလိုက်ပါသည် -

 

(က) Dr. Surakiart Sathirathai

Chairman, Asia Peace and Reconciliation Council- APRC Former Deputy Prime Minister and Minister of Foreign Affairs of Thailand

 

(ခ) Mr. Urban Ahlin

Speaker, Chair of the Riksdag Board

Member of the Swedish Parliament

 

(ဂ) Governor Bill Richardson

Chairman, Richardson Center For Global Engagement Former Governor of New Mexico and Former United States Secretary of Energy

 

(ဃ) Professor Lord Derzi of Denham

Former Parliamentary Under-Secretary of State of Health,

Department of Health

Member of Her Majesty's Most Honourable Privy Council

 

(င) Mr. Roelof Petrus (Roelf) Meyer

Former Minister of Defence

Former Minister of Constitutional Affairs and Communication Former Minister of Constitutional Development and Provincial Affairs

South Africa

 

(စ) ဦးဝင်းမြ

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

(ဆ) ဦးထွန်းမြတ်

အငြိမ်းစား၊ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်

 

(ဇ) ဦးခင်မောင်လေး

အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

(ဈ) ဦးလှမြင့်

သံအမတ်ကြီး(ငြိမ်း)

အဖွဲ့ဝင်၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်

 

(ည) ဒေါက်တာ ဒေါ်ခင်ညို

ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ

ပြည်သူ့လွှတ်တော်

 

၄။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့သည် သတ်မှတ်ထားသည့် လုပ်ငန်း တာဝန်များနှင့်အညီ အကြံဉာဏ်များပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

(ပုံ)ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Most Read

Most Recent