နိုင်ငံရေး သတင်းများ

ရှေ့တိုးနောက်ဆုတ် အာဆီယံ

(၁)

၂၀၁၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ကို မလေးရှားနိုင်ငံက ယူခဲ့ပါတယ်။၂၀၁၄ခုနှစ် ဥက္ကဋ္ဌ မြန်မာနိုင်ငံဆီကနေ လက်လွှဲယူခဲ့တာပါ။

ဒီအတွက် ၂၆ ကြိမ်မြောက် အာဆီယံထိပ်သီးနဲ့ ဆက်စပ် အစည်းအဝေးတွေကို ကွာလာလမ်ပူနဲ့ လန်ကာဝီမှာ လုပ်ခဲ့ပါတယ်။ ဧပြီ ၂၄ ရက်ကနေ ၂၈ ရက် အထိ ကြာမြင့်ပါတယ်။

KNU တပ်မဟာ (၂) နှင့် တပ်မဟာ (၅) အကြား အစိုးရတပ်မတော်၏ လေကြောင်းမှ ကျည်ကျရောက်မှုဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေနှင့် တပ်မဟာ (၅) နယ်မြေအကြားတွင် ဧပြီ ၃၀ ရက်က အစိုးရတပ်မတော်၏ လေကြောင်းမှ ကျည်ကျရောက်မှု ဖြစ်ပွားခဲ့ကြောင်း ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့  တက်ရောက်နေသည့် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အတည်ပြုပြောကြားသည်။
 
KNU တပ်မဟာ (၂) နှင့် တပ်မဟာ (၅) နယ်မြေသည် ဖာပွန်ခရိုင်နှင့် တောင်ငူအကြားတွင် တည်ရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ မသိရသေးဟု ၎င်းက ဆိုသည်။
 

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်းအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ၏ သဘောထားဖြင့် ပြင်ဆင်ဖြည့်စွက်ပြီး အစိုးရနှင့် ပြန်လည်ဆွေးနွေးရမည်ဆိုသည့်အချက်ကို NCCT အဖွဲ့ခေါင်းဆောင် ရှင်းပြ

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ သဘောထားဖြင့် ပြင်ဆင်ဖြည့်စွက်ပြီး အစိုးရနှင့်ပြန်လည်ဆွေးနွေးရမည် ဆိုသည့်အချက်ကို မေ ၁ ရက်က ပြုလုပ်သည့် ပန်ဆန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ရှင်းပြခဲ့သည်ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောကြားသည်။

နိုင်ငံနှင့် အများပြည်သူအတွက်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့၊ မနက်ဖြန်နှင့် အနာဂတ်အထိ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု သူရဦးရွှေမန်း ပြောကြား

နိုင်ငံနှင့် အများပြည်သူအတွက်ဆိုပါ က ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့၊ မနက်ဖြန်နှင့် အနာဂတ်အထိ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
 
မေ ၁ ရက်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ရှိ Carnegie Endowment for International Peace အဖွဲ့က ကြီးမှူးပြုလုပ်သည့် ဆွေးနွေးပွဲတွင် သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။  
 

အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် မသေချာမရေရာမှုများရှိနေပြီး စစ်ပွဲများမရပ်နိုင်သေးသမျှ အပစ်ရပ်စဲရေးစာချုပ်သည် စက္ကူပေါ်ကစာသားများသာဖြစ်နေမည်ဟု UWSA ခေါင်းဆောင်ပြောကြား

အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်မှုတွင် မသေချာမရေရာမှုများရှိနေပြီး စစ်ပွဲများမရပ်နိုင်သေးသမျှ အပစ်ရပ်စဲရေးစာချုပ်သည် စက္ကူပေါ်ကစာသားများသာဖြစ်နေမည်ဟု UWSA ခေါင်းဆောင် ဦးပေါက်ယိုချမ်းက မေ ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း(ပန်ခမ်း) မြို့၌ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ ပန်ခမ်းထိပ်သီးအစည်းအဝေးတွင် ကြိုဆိုနှုတ်ဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ကြိုဆိုနှုတ်ဆက်စကားအား "၀" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA စစ်သေနာပတိချုပ်၏ကိုယ်စား UWSP/UWSA ဗဟိုရုံးအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန် အကြိုညီလာခံတစ်ရပ်ကျင်းပရေးအတွက် KUPC အစည်းအဝေး ပဲခူးမြို့၌ပြုလုပ်လျက်ရှိ

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန် အကြိုညီလာခံတစ်ရပ်ကျင်းပရေးအတွက် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ပဲခူးမြို့၌ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးကို မေ ၁ ရက်မှ ၂ ရက်ထိ နှစ်ရက်ကြာ ပဲခူးမြို့ ၁၀ မိုင်ရှိ Shwe Pyi Resort ၌ပြုလုပ်နေခြင်းဖြစ်ပြီး ကရင်အမျိုးသားညီလာခံကျင်းပရေးကိုသာ အဓိကထားဆွေးနွေးလျက်ရှိကြောင်း ကော်မတီအဖွဲ့ဝင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးကပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီတည်ထောင်လိုသူများ နောက်ဆုံးသတ်မှတ်ရက်ကျော်လွန်ပြီဖြစ်၍ ပါတီတည်ထောင်ခွင့်ရရှိတော့မည်မဟုတ်

၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီတည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့် နောက်ဆုံးသတ်မှတ်ရက်ကျော်လွန်ပြီဖြစ်သဖြင့် ပါတီတည်ထောင်ခွင့်ရရှိတော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးပါတီတည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့်ကို ဧပြီ ၃၀ ရက် နောက်ဆုံးလျှောက်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မစ်ခ်ျမက်ကော်နယ်လ်၊ နန်စီပလိုစီတို့အပါအ၀င် အမေရိကန်လွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံသို့ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် အမေရိကန်လွှတ်တော်အမတ်များနှင့် ဧပြီ ၃၀ ရက်က တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘိုနာ၏ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး ဧပြီ ၂၉ ရက်ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များ တွေ့ဆုံနေမှုတွင် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စအား အဓိကဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များ တွေ့ဆုံနေမှုတွင် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအား အဓိကထားဆွေးနွေးကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုကို ဧပြီ ၂၇  ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် နှစ်ဖွဲ့နှုန်းဖြင့် ဧပြီ ၃၀ ရက်ထိ တိုင်းဒေသကြီး၊ ပြည်နယ်ရှစ်ခု၏ အလုပ်အမှုဆောင်အဖွဲ့များအား တွေ့ဆုံပြီးဖြစ်ကာ မေ ၁ ရက်မှ ၃ ရက်ထိ ရုံးပိတ်ရက်ဖြစ်သဖြင့် တွေ့ဆုံမှုအား ခေတ္တရပ်ဆိုင်းထားပြီး မေ ၄ ရက်၌ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များအား တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပန်ဆန်းညီလာခံ ယနေ့စတင်မည်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ခု တွေ့ဆုံဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို မေ ၁ ရက် (ယနေ့)တွင် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသ၌ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ညီလာခံအား မေ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ပြုလုပ်မည်ဟု ကနဦး ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် ညီလာခံကျင်းပမည့်ရက်အား သုံးရက်ထပ်မံတိုး၍ မေ ၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။   

၂၀၁၅ ရွေးကောက်ပွဲ၌ ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်သူများသည် ရောက်ရှိနေသည့် ဒေသတွင် မဲပေးလိုပါက ရောက်ရှိဒေသ၌ နေထိုင်ရက် ၁၈၀ ရှိကြောင်း အထောက်အထားပြရန် ဧည့်စာရင်းတိုင် နေထိုင်ရန် လိုအပ်

ရွှေ့ပြောင်းနေထိုင်သူများသည် ရွေးကောက်ပွဲကျင်းပသည့်ရက်၌ မိမိရောက်ရှိနေသည့် ဒေသရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးလိုပါက ရောက်ရှိဒေသ၌ နေထိုင်ရက် ၁၈၀ ပြည့်ရန် ဧည့်စာရင်းတိုင်ကာ နေရာအတည်တကျ အခြေချနေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ပင်မအစီရင်ခံစာကို အကြောင်းအရာ ဇယားပေါင်း ၆၅ ခုဖြင့် မေလနောက်ဆုံးပတ်တွင် ထုတ်ပြန်မည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်း နောက်ဆုံးရလဒ် ပင်မအစီရင်ခံစာကို လူဦးရေနှင့် သက်ဆိုင်သော အကြောင်းအရာ ဇယားပေါင်း ၆၅ ခုဖြင့် ၂၀၁၅ မေလနောက်ဆုံးပတ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။

အရပ်ဘက် အဖွဲ့အစည်းများက မေလကုန်တွင် ထုတ်ပြန်မည့် ၂၀၁၄ ပင်မသန်းခေါင်စာရင်းရလဒ်မှ လူထုအမြင် လွဲမှားစေနိုင်သည့် အချက်များနှင့် ပတ်သက်၍ အသိပေး ရှင်းလင်းမှုများကို ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့်ပူးပေါင်း၍ စတင်ပြုလုပ်နေကြောင်းလည်း သတင်းရရှိသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သံသယဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီ တိုက်တွန်း

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် သံသယများဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် ရခိုင်အမျိုးသားပါတီက တိုက်တွန်းကြောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဧပြီ ၂၉ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

လွှတ်တော်၌ ပြည်သူများအတွက် လမ်း၊ တံတား ဆောက်လုပ်ပေးမည်ဟု ကတိပေးထားမှုများနှင့် ပတ်သက်၍ အချို့လုပ်ငန်းများမှာ အရည်အသွေး မပြည့်မီမှုများ တွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

သက်ဆိုင်ရာ အစိုးရဌာနများမှ လွှတ်တော်၌ ပြည်သူများအတွက် လမ်း၊ တံတား ဆောက်လုပ်ပေးမည်ဟု ကတိပေးထားမှုများနှင့် ပတ်သက်၍ အချို့တည်ဆောက်ရေး လုပ်ငန်းများမှာ အရည်အသွေး မပြည့်မီမှုများ တွေ့ရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက The Daily Eleven သတင်းစာကို ပြောကြားသည်။

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ငန်းစစ်ဆေးမှုများ ပြုလုပ်ရာ၌ လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ၎င်းက ဆိုသည်။

နိုင်ငံဦးဆောင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်စေချင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

နိုင်ငံဦးဆောင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်စေချင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတလောင်း ရွေးချယ်ရာတွင် ပါဝင်ခွင့်ရရန် စဉ်းစားသင့်ကြောင်း၊ ထိုသို့စဉ်းစားရာတွင် အမျိုးသားအကျိုးစီးပွားရှုထောင့်မှ စဉ်းစားသင့်ကြောင်း Yonhap သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ ဧပြီလကုန်ပိုင်းတွင် ခုံရုံး၏ အဆုံးအဖြတ် မရပါက ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ရွေးကောက်ပွဲကော်မရှင် အကြောင်းပြန်ကြား . . . .

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ ဧပြီလကုန်ပိုင်းတွင် ခုံရုံး၏ အဆုံးအဖြတ် မရပါက ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ရွေးကောက်ပွဲကော်မရှင် အကြောင်းပြန်ကြားထားကြောင်း သိရ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် ကျောင်းသားများနှင့် ထပ်မံ၍ တွေ့ဆုံဖွယ်ရှိလာနိုင်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြောကြား

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတွက် ကျောင်းသားများနှင့် ထပ်မံ၍ တွေ့ဆုံဖွယ်ရာ ရှိကောင်းရှိလာနိုင်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

အမျိုးသားလွှတ်တော် အစည်းအဝေး ပြန်စချိန်တွင် အရေးကြီးဆုံး ဆောင်ရွက်ရမည့် ဥပဒေမှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းဖြစ်ကြောင်း၊ ယင်းဥပဒေအပြင် အခြားဥပဒေများလည်း ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

ကိုးကန့်တိုက်ပွဲများအတွင်း တရုတ်နိုင်ငံဘက်သို့ ဗုံးဆန်များ ထပ်မံကျရောက်မှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

ကိုးကန့်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲမျာအတွင်း တရုတ်နိုင်ငံအတွင်းသို့ ဗုံးဆန်များ ထပ်မံကျရောက်ပြီးနောက် နယ်စပ်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို နယ်စပ်ဖြတ်ကျော်ခြင်းမရှိရန် မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်ရန် ဧပြီ ၂၈ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။
 

မြင်းခြံဒီဂရီကောလိပ်မှ နိုင်ငံတော်အလံဖြုတ်ချမှုနှင့်ပတ်သက်၍ ကိုဇင်ကိုသန့်အား ဖမ်းဆီးခြင်းမှာ မှားယွင်းဖမ်းဆီးခြင်းဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်များရှင်းလင်း

ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုဇင်ကိုသန့်အား မြင်းခြံဒီဂရီကောလိပ်အတွင်းရှိ နိုင်ငံတော်အလံဖြုတ်ချခဲ့မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဧပြီ ၂၇ ရက်က ဖမ်းဆီးသွားခဲ့ရာ အလံကိစ္စတွင် ၎င်းမှာ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘဲ မှားယွင်းကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်းသားခေါင်းဆောင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းလင်းပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးကြောင့် အာဆီယံပြိုကွဲစေမည်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ်ပြောကြား

တောင်တရုတ်ပင်လယ်အရေးကြောင့် အာဆီယံပြိုကွဲစေမည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ဧပြီ ၂၈ ရက်တွင် လန်ကာဝီကွန်ဗင်းရှင်းစင်တာ၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တောင်တရုတ်ပင်လယ်အရေးသည် အာဆီယံအား သွေးကွဲမှုဖြစ်ပေါ်စေနိုင်မလားဆိုသည့်မေးခွန်းအား  ပြန်လည်ဖြေကြား၌ နာဂျစ်ရာဇာတ်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

မလေးရှား အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ ထူးခြားအဆိုပြုချက်များတွင် မြန်မာနိုင်ငံဘက်က သီးခြားဝင်ရောက်ပြောဆိုခြင်းမရှိခဲ့

၂၀၁၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံကရယူခဲ့ပြီး ပထမဆုံးပြုလုပ်ခဲ့သည့် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ ထူးခြားအဆိုပြုချက်များတွင် မြန်မာနိုင်ငံဘက်က သီးခြားဝင်ရောက်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ ပဋိပက္ခနယ်မြေသို့ ကွင်းဆင်းစစ်ဆေးရန် သဘောတူ

အစိုးရနှင့် ကေအိုင်အိုပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ ဖားကန့်ဒေသနှင့် တနိုင်းဒေသတို့မှ တိုက်ပွဲများနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ ၌ ဧပြီ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဋိပက္ခနယ်မြေသို့ ကွင်းဆင်းစစ်ဆေးရန် သဘောတူခဲ့ကြောင်း သတင်းရရှိသည်။

လာမည့်လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းအပါအ၀င် ဥပဒေကြမ်းများကို အဓိကထားဆောင်ရွက်မည်

မေ ၁၁ ရက် လွှတ်တော်အစည်းအဝေးများပြန်စချိန်တွင် မပြီးပြတ်သေးသည့် ဥပဒေကြမ်းများကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်ရန်မှာ အရေးကြီးဆုံးဥပဒေဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက ဧပြီ ၂၈ ရက်တွင် ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်တစ်ခုလုံး၌ ယှဉ်ပြိုင်ရန် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတ်ီလျာထား

၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်တစ်ခုလုံး၌ ယှဉ်ပြိုင်ရန် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် လျာထားကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ထိုသို့ယှဉ်ပြိုင်ရာတွင် ကရင်ပြည်နယ်သာမက မွန်ပြည်နယ်၌လည်း မြို့နယ်နှစ်မြို့နယ်ရွေးချယ်ခံရန် စီစဉ်ထားပြီး ရွေးကောက်ပွဲယှဉ်ပြိုင်ရေးအတွက် ကရင်ပါတီများအကြား ညှိနှိုင်းမှုများ အခက်အခဲအချို့ရှိကြောင်း ၎င်းကပြောကြားသည်။            

လက်ရှိရေရှားပါးမှုဖြစ်နေသည့်ဒေသများ၌ အစိုးရအနေဖြင့် မည်ကဲ့သို့ စီစဉ်ဖြေရှင်းပေးမှုနှင့်ပတ်သက်၍ လွှတ်တော်တွင်မေးမြန်းမည်ဟုဆို

လက်ရှိတွင် ရေရှားပါးမှုဖြစ်ပေါ်နေသည့်ဒေသများ၌ အစိုးရအနေဖြင့် မည်ကဲ့သို့ စီစဉ်ဖြေရှင်းဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ လွှတ်တော်တွင်မေးမြန်းမည်ဟု  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက The Daily Eleven ကိုပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့တွင် လက်ရှိ၌ သောက်သုံးရေရှားပါးမှုများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

Pages