မုံရွာမြို့တွင် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းအား လူဦးရေ ထောင်ချီ လာရောက်နားထောင်

မုံရွာမြို့တွင် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းအား လူဦးရေ ထောင်ချီ လာရောက်နားထောင်
Published 19 September 2017

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြ မိန့်ခွန်းအား လာရောက်နားထောင်သူ ၁၀၀၀ နီးပါးရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြုမိန့်ခွန်းအား မုံရွာမြို့လယ်ခေါင်တွင် တည်ရှိသော နာရီစင်၏ မြောက်ဘက်ကပ်လျက်တွင် ကျင်းပပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီးရှိ အရပ်ဖက် အဖွဲ့အစည်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အခြေပြု မိန့်ခွန်းအား စစ်ကိုင်းတိုင်းဒေသကြီးမှ တိုင်းလွှတ်တော် ကိုယ်စားလှယ်များလည်း လာရောက်နားထောင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက် ၉ နာရီ အချိန်တွင် လာရောက်နားထောင်သူများက နိုင်ငံတော်သီးချင်းအား သံပြိုင်ရွတ်ဆိုခဲ့ကြောင်းနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်အောင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား တင်းကြပ်စွာ ချထားပေးနေကြောင်း သိရသည်။

 

Most Read

Most Recent