Wuhan Open တွင် နာမည်ကြီးတင်းနစ်မယ်များ ပွဲဦးထွက်မှာပင်ရှုံးနိမ့်

Wuhan Open တွင် နာမည်ကြီးတင်းနစ်မယ်များ ပွဲဦးထွက်မှာပင်ရှုံးနိမ့်
Published 27 September 2017

ပထမအဆင့်တွင် ရှုံးနိမ့်ခဲ့သည့် ယူအက်စ်အိုးပင်းချန်ပီယံ စတီဖင်စ် (Photo: Getty Images)

တရုတ်နိုင်ငံတွင်ကျင်းပလျက်ရှိသော WTA Tour ပွဲစဉ် Wuhan Open တင်းနစ်ပြိုင်ပွဲတွင် နာမည်ကြီးတင်းနစ်မယ်အများအပြား ပွဲဦးထွက်မှာပင် အရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရကြောင်း သိရသည်။

ဆီဒင်-၅ ရ ဗြိတိန်တင်းနစ်မယ် ကွန်တာသည် Bye ရသဖြင့် ဒုတိယအဆင့်မှစတင်ယှဉ်ပြိုင်ရပြီး ပွဲဦးထွက်မှာပင် သြစတြေးလျနိုင်ငံသူ ဘာတီကို ဝ-၆၊ ၆-၄၊ ၆-၇ (၃-၇) ဖြင့် အရေးနိမ့်ခဲ့သည်။

ပထမအဆင့်ပွဲစဉ်များတွင် ယူအက်စ်အိုးပင်းချန်ပီယံ စတီဖင်စ်သည် တရုတ်မှ ကျန်းဝန်ကို ၂-၆၊ ၂-၆၊ ချက်နာမည်ကြီး ခီဗီတိုဗာမှာ တရုတ်မှာ ရှူအီဖန်ကို ၆-၇(၇-၉)၊ ၇-၆(၇-၅)၊ ၆-၇(၃-၇)၊ အမေရိကန်တင်းနစ်မယ် မာဒီဆန်ကီးစ်မှာမူ တစ်နိုင်ငံတည်းသူ လက်ချန်ကိုကို ၂-၆၊ ၆-၇(၄-၆)၊ သြစတြေးလျ ဝါရင့်စတိုဆာမှာ ဆွစ်ဇာလန်မှ တစ်ချ်မန်းကို ၄-၆၊ ၆-၃၊ ၃-၆၊ ကမ္ဘာ့နံပါတ်တစ်ဟောင်း အန်ဂျယ်လီခါဘာမှာ ပြင်သစ်မှ ကာရိုလိုင်းနားဂါစီယာကို ၆-၃၊ ၃-၆၊ ၁-၆၊ ဂျာမန်တင်းနစ်မယ် ပက်ကိုဗစ်မှာ အမေရိကန်မှ လောရင် ဒေးဗစ်ကို ၃-၆၊ ၂-၆ တို့ဖြင့် အသီးသီးရှုံးနိမ့်ခဲ့ရသည်။

Wuhan Open ပြိုင်ပွဲကို စက်တင်ဘာ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

Most Read

Most Recent