Sports

IFFHS မှ ထုတ်ပြန်သည့် လက်ရွေးစင်နှင့် ဒေသတွင်း အဖွဲ့ချုပ်လက်အောက်ရှိ ကလပ်ပြိုင်ပွဲများတွင် ၂၀၁၄ ဂိုးသွင်းအများဆုံး စာရင်း၌ ကျော်ကိုကို အဆင့် ၇ ၌ ရပ်တည်

နိုင်ငံတကာ ဘောလုံးသမိုင်းနှင့် စာရင်းအင်းပြုစုရေးအဖွဲ့(IFFHS) မှ ထုတ်ပြန်သည့် ၂ဝ၁၄ ခုနှစ်၏ လက်ရွေးစင်နှင့် ဒေသတွင်း အဖွဲ့ချုပ်လက်အောက်ရှိ ကလပ်အသင်း ပြိုင်ပွဲများတွင် ဂိုးသွင်းအများဆုံး စာရင်း၌ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုမှာ အဆင့် ၇ နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ ယူ-၂၀ အသင်း ဥရောပခရီးစဉ်တွင် ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းမည်

မြန်မာ ယူ-၂ဝ အသင်းသည် လာမည့် ဧပြီလအတွင်း အင်္ဂလန်နှင့် ဂျာမနီနိုင်ငံများသို့ သွားရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး ယင်းခရီးစဉ်အတွင်း ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်စသည့် အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
 

မြန်မာ ယူ-၂၀ အသင်း ယှဉ်ပြိုင်မည့် တူရကီ ဖိတ်ခေါ်ပြိုင်ပွဲတွင် ယူကရိန်း ယူ-၂၀ အပါအ၀င် နာမည်ကြီး အသင်းများ ယှဉ်ပြိုင်မည်

မြန်မာ ယူ-၂၀ အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် တူရကီ ဖိတ်ခေါ်ပြိုင်ပွဲကို နာမည်ကြီး အသင်းအချို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ယူကရိန်း ယူ-၂၀ အသင်းမှာ ယင်းပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားပြီး မြန်မာ ယူ-၂၀ အသင်း အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ အတွေ့အကြုံကောင်းများ ရရှိမည့် ပြိုင်ပွဲလည်းဖြစ်သည်။

သုံးရက်အတွင်း ပရီးမီးယားလိဂ်သုံးသင်း နည်းပြအပြောင်းအလဲဖြစ် ၊ နယူးကာဆယ်နည်းပြ ပါဂျူးပဲလေ့စ်အသင်းသို့ ပြောင်းရွှေ့မည်

ပရီးမီးယားလိဂ်သက်တမ်းတစ်လျှောက် နည်းပြအပြောင်းအလဲ နောက်အကျဆုံး တတိယမြောက်ရာသီအဖြစ် မှတ်တမ်းဝင်ထားသည့် ယခု ၂ဝ၁၄-၁၅ ရာသီတွင် သုံးရက်အတွင်း ကလပ်အသင်းသုံးသင်းမှာ နည်းပြအပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယခုရာသီ ပထမဆုံး နည်းပြပြောင်းလဲမှုအဖြစ် ဒီဇင်ဘာ ၂၇ ရက်တွင် ခရစ္စတယ်ပဲလေ့စ်က နည်းပြ ဝါနော့ခ်ကို အသင်းမှ ထုတ်ပယ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် နယူးကာဆယ်အသင်းနှင့် နည်းပြ ပါဂျူးတို့ မှာ လက်ကျန်စာချုပ်သက်တမ်းကို ဖျက်သိမ်းခဲ့သလို၊ တန်းဆင်းဇုန်နား ကပ်နေသည့် ဝက်စ်ဘရွန်းအသင်းမှာလည်း အသင်းနည်းပြဖြစ်သူ အလန်အာဗိုင်းကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင် စုစုပေါင်း ၅၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်သော မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ ၊ အမျိုးသားပြိုင်ပွဲတွင် ထက်အောင်ခိုင်နှင့် အမျိုးသမီးပြိုင်ပွဲတွင် လှလှဦးတို့ ဗိုလ်စွဲ

မုတ္တမ မီနီမာရသွန်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝေဇယန္တာလမ်း၌ ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ထက်အောင်ခိုင်နှင့် အမျိုးသမီးပြိုင်ပွဲတွင် လှလှဦးတို့ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်စုစုပေါင်း ၅ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏရှေ့မှ စတင်တာထွက်ကာ ဝေဇယန္တာလမ်းအတိုင်း ပြေးပြီး ဂန္ဓမာစူပါမားကတ်ရှေ့မှ ပြန်ကွေ့ကာ တာထွက်သည့်နေရာမှာပင် ပြန်လည်ပန်းဝင်ခဲ့ကြသည်။