Sports

သုံးရက်အတွင်း ပရီးမီးယားလိဂ်သုံးသင်း နည်းပြအပြောင်းအလဲဖြစ် ၊ နယူးကာဆယ်နည်းပြ ပါဂျူးပဲလေ့စ်အသင်းသို့ ပြောင်းရွှေ့မည်

ပရီးမီးယားလိဂ်သက်တမ်းတစ်လျှောက် နည်းပြအပြောင်းအလဲ နောက်အကျဆုံး တတိယမြောက်ရာသီအဖြစ် မှတ်တမ်းဝင်ထားသည့် ယခု ၂ဝ၁၄-၁၅ ရာသီတွင် သုံးရက်အတွင်း ကလပ်အသင်းသုံးသင်းမှာ နည်းပြအပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယခုရာသီ ပထမဆုံး နည်းပြပြောင်းလဲမှုအဖြစ် ဒီဇင်ဘာ ၂၇ ရက်တွင် ခရစ္စတယ်ပဲလေ့စ်က နည်းပြ ဝါနော့ခ်ကို အသင်းမှ ထုတ်ပယ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် နယူးကာဆယ်အသင်းနှင့် နည်းပြ ပါဂျူးတို့ မှာ လက်ကျန်စာချုပ်သက်တမ်းကို ဖျက်သိမ်းခဲ့သလို၊ တန်းဆင်းဇုန်နား ကပ်နေသည့် ဝက်စ်ဘရွန်းအသင်းမှာလည်း အသင်းနည်းပြဖြစ်သူ အလန်အာဗိုင်းကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင် စုစုပေါင်း ၅၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်သော မုတ္တမ မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ ၊ အမျိုးသားပြိုင်ပွဲတွင် ထက်အောင်ခိုင်နှင့် အမျိုးသမီးပြိုင်ပွဲတွင် လှလှဦးတို့ ဗိုလ်စွဲ

မုတ္တမ မီနီမာရသွန်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝေဇယန္တာလမ်း၌ ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ထက်အောင်ခိုင်နှင့် အမျိုးသမီးပြိုင်ပွဲတွင် လှလှဦးတို့ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်စုစုပေါင်း ၅ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏရှေ့မှ စတင်တာထွက်ကာ ဝေဇယန္တာလမ်းအတိုင်း ပြေးပြီး ဂန္ဓမာစူပါမားကတ်ရှေ့မှ ပြန်ကွေ့ကာ တာထွက်သည့်နေရာမှာပင် ပြန်လည်ပန်းဝင်ခဲ့ကြသည်။

အစဉ်အလာအရ ချယ်လ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု ဖော်ပြ

ချယ်လ်ဆီးအသင်းအနေဖြင့် အစဉ်အလာမှတ်တမ်းများအရ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရန် သေချာသလောက်ဖြစ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မာရာဟာလင်ဖလားပြိုင်ပွဲဝင်ရန် မြန်မာ ယူ-၂၀ အသင်း အပြီးသတ်လူရွေးချယ်

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂ဝ၁၅ မာရာဟာလင်ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ ယူ-၂ဝ အသင်းသည် အပြီးသတ်ကစားသမား ၁၉ ဦးကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုပြိုင်ပွဲဝင်မည့် အပြီးသတ်ကစားသမားစာရင်းတွင် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ခဲ့သည့်အသင်းမှ ကစားသမား ၁၈ ဦးအထိ ပြန်လည်ပါဝင်လာပြီး လူသစ်ကစားသမားအဖြစ် အောင်သူဖြိုးတစ်ဦးတည်းသာ ပါဝင်လာခဲ့ကြောင်း သိရသည်။

Twitter တွင် အာဆင်နယ်အသင်း ပရိသတ်ငါးသန်း ပြည့်မြောက် ၊ ဘာလိုတယ်လီနှင့် ဝေါ်ဇနီယာကီတို့ ၂၀၁၄ ၏ ပြောဆိုမှု (Tweet) အများဆုံးဖြစ်ခဲ့

အာဆင်နယ်အသင်းသည် လူမှုရေးဝက်ဘ်ဆိုက်ဖြစ်သည့် Twitter စာမျက်နှာတွင် ပရိသတ်(Follower) ငါးသန်းပြည့်မြောက်သည့် ပထမဆုံး ပရီးမီးယားလိဂ်ကလပ် ဖြစ်လာခဲ့သည်။ အာဆင်နယ်ကစားသမားများဖြစ်သည့် ဒီဘူချီကာဇိုလာ၊ ရမ်ဆေး၊ ဝေါလ်ကော့၊ ဝဲလ်ရှိုင်းယားတို့မှ ယင်းအထိမ်းအမှတ်အဖြစ် သန်းပြည့်ကိန်းဂဏန်းတစ်ခုစီပါသည့် ကတ်ပြားများကိုင်ဆောင်ထားသည့်ပုံကို အာဆင်နယ်အသင်း၏ Twitter စာမျက်နှာတွင် တင်ရှိခဲ့ကြောင်း သိရသည်။