Sports

ပရီးမီးယားလိဂ် ပွဲကျန်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် နှင့် ဆန်းဒါးလန်း(မြန်မာစံတော်ချိန် မေ ၁၇ နံနက် ၁း၁၅ နာရီ)
----------------------------------------------------------------------------

ပရီးမီးယားလိဂ် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ခရစ္စတယ်ပဲလေ့စ် - ဟားလ်စီးတီး (၁၄-၅-၂၀၁၇ ၊ ညနေ ၅း၃၀)

ပဲလေ့စ်က နောက်ဆုံး (၃) ပွဲဆက် ရှုံးခဲ့လို့ တန်းဆင်းဇုန် အန္တရာယ်အတွက် နည်းနည်း စိုးရိမ်နေရသေးတယ်။ ဒါပေမဲ့ အဓိကပြိုင်ဘက် ဖြစ်နေတာက ဟားလ်စီးတီးဖြစ်ပြီး သရေကစားရုံနဲ့ လွတ်ပါပြီ။ ဟားလ်စီးတီး အစွမ်းကုန် ရုန်းကန်မှာ ဖြစ်ပေမယ့် ပဲလေ့စ် ရလဒ် ကောင်းလိမ့်မယ်။

■ ၀က်စ်ဟမ်း - လီဗာပူးလ် (၁၄-၅-၂၀၁၇ ၊ ည ၇း၄၅)

အဲဗာတန်တိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် ကြိုးပမ်းမှုတွင် ရွန်နီအား မန်ယူအသင်း အလိုက်ပေး ကမ်းလှမ်းဖွယ်ရှိ

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် လာမည့် နွေရာသီအပြောင်းအရွှေ့၌ အဲဗာတန်အသင်း တိုက်စစ်မှူး လူကာကူကို ခေါ်ယူရန် ဦးစားပေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ယင်းကြိုးပမ်းမှုတွင် အသင်းဂန္ထ၀င် တိုက်စစ်မှူး ရွန်နီအား အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေကြောင်း သိရသည်။

အဲဗာတန်အသင်းသည် လူကာကိုအတွက် ပေါင်သန်း (၁၀၀) အထိ အလိုရှိနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ရွန်နီအတွက် မန်ယူအသင်းက ပေါင် (၁၇) သန်း သတ်မှတ်၍ အလိုက်ပေး ကမ်းလှမ်းရန် စဉ်းစားနေခြင်း ဖြစ်သည်။

ဝက်စ်ဘရွန်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) ပွဲစဉ်တွအဖြစ် ၀က်စ်ဘရွန်း-ချယ်လ်ဆီး၊ အဲဗာတန်-၀က်ဖို့ဒ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ချယ်လ်ဆီး၊ အဲဗာတန်အသင်းတို့ နိုင်ပွဲတွေအသီးသီး ရယူခဲ့ကြပါတယ်။

ကွန်တီရဲ့ ချယ်လ်ဆီးအသင်းဟာ အခုပွဲကို အနိုင်ရရင် ချန်ပီယံဖြစ်ပြီဖြစ်တာကြောင့် အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့ပြီး လိုချင်တဲ့ ရလဒ်ကိုလည်း ရယူခဲ့တယ်။ ဒါပေမဲ့ ၀က်စ်ဘရွန်းအသင်းရဲ့ ခံကစားမှုကြောင့် ချယ်လ်ဆီးအသင်း ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲအစပိုင်းမှာ ရွန်ဒွန်ရဲ့ ခေါင်းတိုက်ချက်ကို ကော်တိုအာ ကာကွယ်ခဲ့ရပြီး ပွဲချိန်ကြာလာတာနဲ့အမျှ ချယ်လ်ဆီးအသင်းကပဲ ပွဲကို စိုးမိုးခဲ့တယ်။