Sports

ပရီးမီးယားလိဂ် ဒီဇင်ဘာလ အကောင်းဆုံးဆုများကို ၀က်ဖို့ဒ်အသင်းနည်းပြ ဖလောရက်စ်နှင့် တိုက်စစ်မှူး အီဂါလိုတို့ ဆွတ်ခူး

ပရီးမီးယားလိဂ် ဒီဇင်ဘာလအတွက် အကောင်းဆုံးဆုများကို ၀က်ဖို့ဒ်အသင်းနည်းပြ ဆန်းချက်ဇ် ဖလောရက်စ်နှင့် တိုက်စစ်မှူး အီဂါလိုတို့ကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဝက်ဖို့ဒ်အသင်းသည် ဒီဇင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်(၅) ပွဲတွင် (၃)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲရှုံးဖြင့် ရလဒ်ကောင်းများ ရရှိခဲ့သလို ၀က်ဖို့ဒ်အသင်းမှာလည်း အမှတ်ပေးဇယား အဆင့် (၁၀) နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။

အဆိုပါ (၅) ပွဲတွင် လီဗာပူးလ် အသင်းကို အိမ်ကွင်းတွင် (၃-၀) ဂိုးဖြင့် အနိုင်ရသော ပွဲစဉ်နှင့် ချယ်လ်ဆီးအသင်းကို အဝေးကွင်းတွင် (၂-၂)ဂိုးဖြင့် သရေကျသောပွဲများ ပါဝင်နေသည်။

ဂျာမနီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို အိုဇေးလ်(၄)ကြိမ်မြောက်ဆွတ်ခူး

အာဆင်နယ်အသင်း၏ ကွင်းလယ်လူအိုဇေးလ်သည ၂၀၁၅ ခုနှစ်အတွက် ဂျာမန်လက်ရွေးစင်အသင်း တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ကြောင်းသိရသည်။

ယခုနှစ်ဘောလုံးရာသီတွင် အာဆင်နယ်အသင်း၏ ကွင်းလယ်ပိုင်းတွင် ဖန်တီးမှုများဖြင့် ခြေစွမ်းပြလျက်ရှိသလို ဂျာမနီလက်ရွေးစင် အသင်း၏ ပွဲစဉ်များတွင်လည်း အကောင်းဆုံးခြေစွမ်း ပြခဲ့သူဖြစ်သည်။ အိုဇေးလ်သည် ယင်းဆုကို နောက်ဆုံး (၅)ကြိမ်တွင် (၄)ကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ တွင်မူ လက်ရှိရီးယဲလ်ကွင်းလယ်လူ တိုနီကရူးစ်က ရရှိထားသည်။

စိန့်ဂျိမ်းစ်ပတ်ခ်မှာ သရေ ရလဒ်သာရရှိခဲ့လို့ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ မန်ယူ

စိန်းဂျိမ်းစ်ပတ်ခ်မှာ သရေရလဒ်သာရရှိခဲ့လို့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ မန်ယူအသင်းဟာ ဒီနေ့ပွဲစဉ်မှာ တိုက်စစ်ပိုင်း အားနည်းနေမှုကို ဖြေရှင်းနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်း အမှားတွေကနေ ခြေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး (၃-၃) ဂိုးသရေ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဂိုးတွေကို အသင်းခေါင်းဆောင် တိုက်စစ်မှုးဝိန်းရွန်နေက ခြေစွမ်းပြသကာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ လူငယ်ကစားသမား လင်ဂတ်ကတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ နယူးကာဆယ် အသင်းရဲ့ ဂိုးတွေကိုတော့ ၀ိုင်နယ်လ်ဒမ်း၊ မီထရိုဗစ်နဲ့ နောက်ခံလူဒမ်းမတ်တို့က သွင်းယူသွားခဲ့တာပါ။

ချယ်လ်ဆီးအသင်း FA ဖလား နောက်တစ်ဆင့်တက်ခဲ့ပြီး ပယ်နယ်တီဂိုးကြောင့် သရေကျခဲ့တဲ့ စပါး

FAဖလား တတိယအဆင့် ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ချယ်လ်ဆီးအသင်းဟာ စကန်သော့ပ် အသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့ပေမယ့် League Two ကလပ်အောက်စ်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ ဆွမ်ဆီး ပြိုင်ပွဲက ထွက်ခဲ့ရသလို၊ စပါးအသင်းကလည်း ဒိုင်လူကြီးပေးခဲ့တဲ့ နောက်ကျ ပယ်နယ်တီဂိုးကြောင့် လက်စတာနဲ့ သရေကျခဲ့ပါတယ်။

၁၃၅ ကြိမ်မြောက် ကမ္ဘာ့သက်တမ်း အရင့်ဆုံးပြိုင်ပွဲ FA ဖလားမှာ ပရီးမီးယားလိဂ် အသင်းတွေ ပါဝင်လာတဲ့ ရက်သတ္တပတ်

ကမ္ဘာ့သက်တမ်း အရင့်ဆုံး ပြိုင်ပွဲအဖြစ် သတ်မှတ်ခံထားရတဲ့ FA ဖလားဟာ တတိယအဆင့်ကို ရောက်ရှိလာပြီး ဒီအဆင့်မှာ ပရီးမီးယားလိဂ် အသင်းတွေ စတင်ပါဝင်လာပါတယ်။ ၆၄ သင်း၊ ၃၂ ပွဲ ယှဉ်ပြိုင်ရတဲ့ ဒီအဆင့်မှာ ပရီးမီးယားလိဂ် အသင်းချင်း ပြန်လည်တွေ့ဆုံမှု ငါးပွဲ ပါဝင်နေပါတယ်။ FA ဖလားမှာ နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့တဲ့ လက်ရှိချန်ပီယံ အာဆင်နယ် အသင်းကတော့ အိမ်ကွင်းမှာ ဆန်းဒါးလန်း အသင်းကို လက်ခံကစားရမှာပါ။ FA ဖလားပွဲတွေမှာ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်တတ်ပြီး သရေကျရင် ကွင်းပြောင်း ကစားရမှာဖြစ်လို့ အဝေးကွင်းမှာ အနိုင်ရဖို့ မလွယ်တဲ့အသင်းတွေ သရေခံကစားတတ်တာ သတိပြုရမှာပါ။