Sports

ကိုပါအမေရိကဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုအတွက် ရွေးချယ်ခံရသော်လည်း အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ ငြင်းပယ်ခဲ့

အာဂျင်တီးနားလက်ရွေးစင်အသင်း ခေါင်းဆောင် တိုက်စစ်မှူး မက်ဆီသည် ကိုပါအမေရိကဖလားပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုအတွက် ရွေးချယ်ခံရသော်လည်း ဆုလက်ခံရယူရန် ငြင်းဆန်ခဲ့ကြောင်း အာဂျင်တီးနားမီဒီယာများ၏ ဖော်ပြမှုကို ကိုးကား၍  Daily Mail သတင်းစာက ပြန်လည်ဖော်ပြခဲ့သည်။
 

ငြိမ်းချမ်းအောင်၏ ဒူးဒဏ်ရာခွဲစိတ်ကုသမှု အောင်မြင်သော်လည်း (၇)လခန့် ထပ်မံအနားယူရဖွယ်ရှိ

မြန်မာ ယူ-၂၀ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်၏ ဒူးဒဏ်ရာကို ဇူလိုင်(၆)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။
 

ရတနာပုံ-ရန်ကုန်ပွဲတွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့ပြီး လုံခြုံရေးနှင့် ကွင်းအတွင်း အကာအရံများ၏ အားနည်းမှုကြောင့် အရာဝတ္ထုများ အလွယ်တကူ ၀င်ရောက်

ဇူလိုင် ၅ ရက်က မန္တလေးမြို့ရှိ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရတနာပုံ-ရန်ကုန် ပွဲစဉ်တွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် ကွင်းတွင်းလုံခြုံရေး အားနည်းမှုများ ရှိခဲ့သည့်အပြင် ကွင်းအတွင်း၌ ကာရံထားသည့် ပိုက်ကွန်များမှာလည်း ပျက်စီးမှုများ ရှိနေသောကြောင့် အရာဝတ္ထုများမှာ အလွယ်တကူ ၀င်ရောက်ခဲ့ကြောင်း သိရသည်။

မန်စီးတီးနှင့် PSG အသင်းအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို UEFA ပယ်ဖျက်ပေးပြီး ငွေကြေးအကန့်အသတ်မရှိ သုံးစွဲခွင့် ရမည်

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) သည် မန်စီးတီးနှင့် PSG အသင်းတို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များအား ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပြီး ၎င်းတို့အနေဖြင့် အပြောင်းအရွှေ့ ဈေးကွက်၌ ငွေကြေးအကန့်အသတ်မရှိ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ရာမို့စ်အား ရောင်းချသင့်သည်ဟု မဲပေးသည့် ပရိသတ် ၅၅ ရာခိုင်နှုန်းရှိ ၊ မန်ယူမှ ထွက်ခွာလိုနေသည့် ဒီဂီယာ မက်ဒရစ်မြို့သို့ ရောက်ရှိနေ

ရီးယဲလ်အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားသည့် စပိန်လက်ရွေးစင် နောက်ခံလူ ဆာဂျီယိုရာမို့စ်အား ရောင်းချသင့်၊ မသင့် ဆန္ဒမဲတောင်းခံခဲ့ရာ ပရိသတ် ၅၅ ရာခိုင်နှုန်းက ရောင်းချရန် မဲပေးခဲ့ကြောင်း သိရသည်။